တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Friday, August 1, 2008

ကရင်နှင့် ကရင်နီတပ်ဖွဲ့များ ခြုံခိုတိုက်၍ မြန်မာစစ်တပ်ဖက်မှ ၄ယောက်ကျဆုံး

တိုင်းရင်းသားအသံ
အစ

ကရင်နှင့် ကရင်နီတပ်ဖွဲ့များ ခြုံခိုတိုက်၍ မြန်မာစစ်တပ်ဖက်မှ ၄ယောက်ကျဆုံး

နွယ်လေး။
သြဂုတ်လ ၁ ရက်၊ ၂၀၀၈ ခုနှစ်၊

ကရင်နှင့် ကရင်နီနယ်စပ်တွင် နှင့် ကရင်နှင့် ကရင်နီပူးတွဲ( KNLA နှင့် KNPP) ပူးတွဲ စစ်ကြောင်းမှ လှုပ်ရှား သည့် တပ်ဖွဲ့က ခလရ ( ၇၅ )မှ စစ်ကြောင်းတကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဖွဲ့မှ တပ်သား လေးဦး ကျဆုံးပြီး ၎င်းနှင့်အတူ ရွာသား တစ်ဦး သေဆုံးခဲ့သည်။


အဆုံး

ယင်းတိုက်ပွဲသည် ကရင်ပြည်နယ် လိပ်သို နှင့် ယာသို ကြားရှိ လျှပ်စစ်ဓါတ်အား သွယ်တန်းသည့် တာဝါတိုင် အမှတ် (၂၀၆ )အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားပုံမှာ ယင်း တာဝါတိုင်အနီးတွင် သုံးဆယ်ရက်နေ့ ည တစ်နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ခလရ (၇၅ ) မှ လာရောက်ရှင်းလင်းစဉ် ယမန်နေ့နံနက် နံနက်၆နာရီ မိနစ် ၄၀ တွင် မှ စတင်ပြီး ဆယ်မိနစ်ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး(KNU)၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးစောလှငွေက ပြောသည်။

“ခလရဘက်က တပ်ကြပ်အပါ လေးယောက်သေတယ်။ လက်နက်က အမ်အေ၀မ်း တစ်လက် ရတယ်၊ (၇၉) တစ်လက် ရတယ်၊ ကျည်ကတ် နဲ့ နောက်လက်နက် နှစ်လက်သုံးလက်နဲ့တူ ကျောပိုးအိတ် တစ်လုံးရတယ်။ ဂျင်နရေတာ တစ်လုံးရတယ်။”

KNU နှင့် KNPP တပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးခြင်း မရှိဟု ၎င်းက ဆက်လက် ပြောသည်။ ပြောသည်။

တိုက်ပွဲတွင် အမည်မသိတပ်ကြပ်တစ်ဦး အပါဝင် စစ်သားလေးဦးနှင့် အတူ ရွာသားတစ်ဦးပါ ကျဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)မှ အတွင်းရေးမှူး၂ ခူးဦးရယ်က ယခုလို ပြောသည်။

“ဟိုမှာ သူတို့က လမ်းပြလိုလို ခရီးသည်လိုလို ပေါ်တာလိုလို အဲလိုတော့ အမြဲသုံးလေ့ သုံးထရှိတယ် လေ။ အဲတော့ အဲမှာ တိုက်ပွဲဖြစ်တော့ မမျှော်လင့်ပဲ ရွာသားတစ်ဦး ပါသွားတယ် ပြောတာပဲ။ ခလရ တပ်က လေးယောက်ကျတယ် ပြောတာပဲ၊ ကရင်နဲ့ ကရင်နီပူးတွဲ စစ်ကြောင်းက ထိခိုက်ဒဏ်ရာ မရှိဘူး။ လက်နက်အချို့လည်းသိမ်းဆည်းရတယ်လို့ ပြောတာပဲ။”

မြန်မာအစိုးရတပ်များသည် ကရင်ပြည်နယ်ရှိ KNUနှင့် KNPP ပူးတွဲစစ်ကြောင်းများ လှုပ်ရှားရာ ကရင်နှင့် ကရင်နီပြည်နယ် နယ်စပ်တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

ကရင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ် နယ်စပ်ရှိ ကျေးရွာများတွင် မြန်မာစစ်အစိုးရ တပ်ဖွဲ့များနှင့် ကရင်နီလူမျိုးလွတ်မြောက်ရေးတပ်ဖွဲ့(ကလလတ) များက နယ်မြေတိုးချဲ့ပြီး ထိုးစစ်ဆင်ကာ မကြာခဏ ကျေးရွာသားများအား အတင်းအဓမ္မ ရွေ့ပြောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်လေ့ရှိသည်ဟု KNPP က ပြောသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.