တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, August 21, 2008

ထိပ်တန်းအပြောင်းအလဲကြောင့် စရဖတပ်သားများ လက်နက်ရုပ်သိမ်းခံရ

တိုင်းရင်းသားအသံ
ထိပ်တန်းအပြောင်းအလဲကြောင့် စရဖတပ်သားများ လက်နက်ရုပ်သိမ်းခံရ


Wed 20 Aug 2008, လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ထိပ်တန်းအပြောင်းအလဲကြောင့် တပ်မတော်အတွင်းလုံခြုံရေး စိုးရိမ်မှုကြောင့် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ စရဖ အောက်တန်းအရာရှိတပ်သားများ လက်နက်ရုပ်သိမ်း ခံထားရကြောင်း ဆိုသည်။

ရာထူးကနေဖြုတ်ချခံထားရသော ဒုတိယဗိုလ်ချုပ်ကြီးလေးဦးထဲတွင် စရဖ ကို ဦးဆောင် ထားသော ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် ပါဝင်သဖြင့် ၄င်းကိုသစ္စာခံထားသော စရဖ လက် အောက်ငယ်သားများ ဖောက်ခွဲမှုများ ပြုလုပ်မည်ဖြစ်၍ ဗိုလ်ကြီးအဆင့်အောက်တွင် ရှိသော စရဖ တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းလိုက်ပြီဖြစ်သည်။


"အဓိကကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်လိုပဲ၊ စစ်ထောက်လှမ်းရေးတွေလိုပဲ စရဖတွေလည်း ဖောက်ခွဲမှုပိုင်းတွေမှာ ကျွမ်းကျင်တယ်၊ ဗိုလ်ချုပ်ကြီးတွေက သူ့တို့လုံခြုံရေးအတွက်စိုးရိမ်ပြီး အဓိက လုပ်တာပဲ"ဟု ရန်ကုန်မြို့ပေါ်က လေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

"ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ မြန်မာပြည်ံတောင်ပိုင်းမှာရှိတဲ့ စရဖ တပ်သားတွေကိုတော့ ဖြုတ်နေတုန်းပဲ။ သူတို့ကို မေးကြည့်တော့ ထိပ်တန်းခေါင်းဆောင်တွေ အချင်းချင်းကြားက ပဲဖြစ်မယ်"ဟု စရဖနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့် အပါဝင် ဒုတိယဗိုလ်ချုပ်ကြီးလေးဦးကို ဖယ်ရှားပစ်ပြီးသည့်နောက် တွင် စစ်အစိုးရထိပ်ပိုင်းမှ တင်းမာမှုများရှိခဲ့ပြီး စရဖကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကိုယ် တိုင် ချုပ်ကိုင်မှုလည်းရှိခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း တို့ကို အငြိမ်းစားပေးလိုက်ပြီးဖြစ်သည်ဟု ဆိုသော် လည်း မြန်မာစစ်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။

ဝန်ကြီးပြောင်းလဲမှု နေရာတစ်ချို့သာ စစ်အစိုးရမှ ထုတ်ပြန်ခဲ့သည်။ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေး၏ နေရာတွင် ပြောင်းလဲခန့်ထားလိုက်သည်။ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို၊ တိုင်းမှူး ၄ ဦးကို (ကစထ) မှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သတင်းထွက်ခဲ့သည်။

အလားတူ ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏သမက် ဗိုလ်မှူးကြီး သိန်းနိုင်ကိုလည်း မင်္ဂလာဒုံ လေတပ် စခန်းတွင် ဦးစီးစေခဲ့သည်ဟု သတင်းထွက်ခဲ့ပြီး စစ်တပ်အတွင်းမှာ တင်းမာမှုများရှိခဲ့သည်။

စရဖအပြင် ရဲတပ်သားငယ်များကိုလည်း လက်နက်ကိုင်ဆောင်ခွင့်မရှိတော့ကြောင်း ကောလ ဟာလ သတင်းများလည်းထွက်နေခဲ့သည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.