တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, January 6, 2010

ALP တတိယ အကြိမ်ညီလာခံမှ ခိုင်ရဲခိုင်ကို ဥက္ကဌ အဖြစ် ပြန်လည် ရွှေးချယ်တင်မြှောက်

တိုင်းရင်းသားအသံ

ALP တတိယ အကြိမ်ညီလာခံမှ ခိုင်ရဲခိုင်ကို ဥက္ကဌ အဖြစ် ပြန်လည် ရွှေးချယ်တင်မြှောက်

1/6/2010

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ တတိယ အကြိမ်မြောက် ပါတီညီလာခံမှ လက်ရှိ ဥက္ကဌ ခိုင်ရဲခိုင်ကို ပါတီ ဥက္ကဌ အဖြစ် နောက်ထပ် တကြိမ် ပြန်လည် ရွှေးချယ် တင်မြှောက် လိုက်ကြောင်း သတင်းရရှိသည်။

ALP ၏ တတိယ အကြိမ်မြှောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့ထိ (၅) ရက်တိုင်တိုင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တနေရာရှိ ပါတီ ဗဟိုဌာနချုပ် တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ညီလာခံမှ ဥက္ကဌ ခိုင်ရဲခိုင် အပါအ၀င် တခြား ဗဟိုကော်မီတီဝင် ၁၅ ဦးကိုလည်း ရွှေးချယ် တင်မြှောက်ခဲ့သည်။

ရွှေးချယ် တင်မြှောက်ခံခဲ့ရသော ထိပ်ပိုင်း ခေါင်းဆောင်များမှာ ခိုင်စိုးနိုင်အောင် ( ဒု ဥက္ကဌ - ၁)၊ ခိုင်မျိုးမင်း (ဒု ဥက္ကဌ - ၂)၊ ခိုင်အောင်မိုးဝေ (အထွေထွေ အတွင်းရေးမှူး)၊ ခိုင်ရန်နောင် (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁)၊ ခိုင်သုခ (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂)၊ တို့ဖြစ်ကြသည်။

ALP ၏ ထုတ်ပြန်ချက်တွင် ဗဟို အလုပ်အမူဆောင်ကော်မီတီ ၁ ဦး၊ ဗဟိုကော်မီတီဝင် ၄ ဦးနှင့် အရံဗဟိုကော်မီတီဝင် ၄ ဦးတို့ကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်ဟု ဖေါ်ပြသည်။

ALP တတိယ အကြိမ် ညီလာခံ ထုတ်ပြန် ကြေငြာချက်အရ ပါတီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ်များမှာ (၁) ပြည်တွင်း ပြည်ပ စည်းရုံးရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် (၂) မြန်မာ စစ်အုပ်စု၏ ၂၀၁၀ ရွှေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်သွားရန် (၃)ပါတီ တပ်မတော်တွင်း စည်လုံးညီညွတ်မူကို ပိုမို ကျစ်လစ် ခိုင်မာအောင် တည်ဆောက်၍ ပါတီ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော အချုပ်အချာအာဏာ ပြန်လည် ရရှိရေးအတွက် အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်သွားရန် (၄) အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ၍ ရခိုင်ပြည်တော်လှန်ရေး အကျိုး၊ ပါတီနှင့် တပ်မတော် အကျိုး ပိုမို ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် (၅) ရခိုင်ပြည်မှ သဘာဝ အရင်းအမြစ်များအား မြန်မာ့ စစ်အုပ်စုက မတရားလုယက် ရောင်းချနေမူများကို ရပ်တန့်စေရေး အတွက် အတိုက်အခံ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် တို့ဖြစ်သည်။

သို့သော်လည်း ALP ၏ တတိယ အကြိမ် ညီလာခံ ထုတ်ပြန်ချက်တွင် ရခိုင်တမျိုးသားလုံး အရေးတကြီး လိုလားနေသော အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်မှာ ပါတီ၏ ဆုံးဖြတ်ချက်ထဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။

ALP တတိယ အကြိမ် ညီလာခံသို့ ပါတီ ခေါင်းဆောင်ကြီးများ၊ ရဲဘော် ရဲမေများ အပြင် အိန္ဒိယ၊ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ပါတီ ခေါင်းဆောင်များ၊ ကေဒါများ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.