တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, January 28, 2010

(၆၁)ကြိမ်မြောက်ကရင်တော်လှန်ရေးနေ.ကို ကမ္ဘာ.အနှံ.မှာကျင်းပကြမည်ဖြစ်ပါသည်၊

တိုင်းရင်းသားအသံ
(၆၁)ကြိမ်မြောက်ကရင်တော်လှန်ရေးနေ.ကို ကမ္ဘာ.အနှံ.မှာကျင်းပကြမည်ဖြစ်ပါသည်၊

KNU Pre Speech on 61st Karen Revolution Day


KYO Felicitation Letter of _61th _ KRD_Burma_ -

KCM ကရင်ကွန်မြူနီတီ မီနီဆိုးတားမှ (၆၁)ကြိမ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သ၀ဏ်လွာ

သူရဲကောင်းပီသသော ကရင်အမျိုးသမီး။ ကရင်အမျိုးအပေါင်းတို့-
သူရဲကောင်းပီသသော ကရင်အမျိုသား လက်နက်ကိုင်တပ်ပေါင်းစုံမှ ရဲဘော် ရဲမေအပေါင်းတို့-
အမျိုးသား လွတ်မြောက်ရေး။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး။ တရားဥပဒေစိုးမိုးရေး။ ဒီမိုကရေစီရေးနဲ့ ထာဝရငြိမ်းချမ်းရေးတို့အတွက် တရားတဲ့ ခုခံတော်လှန်စစ် ဆင်နွဲတာ(၆၁) နှစ် ပြည့်မြောက်ခဲ့ပါပြီ။ ဒီနှစ်ပေါင်း (၆၁)နှစ်ကြာ ကာလများအတွင်း တန်ဘိုးမဖြတ်နိုင်တဲ့ ကရင့်အာဇာနည်သူရဲကောင်း အထောင်အသောင်းရဲ့ ဝိဥာဉ်တွေ ပေးဆပ်စွန့်လွတ်ခဲ့ရတယ်၊
ကရင့်အာဇာနည် သူရဲကောင်းအထောင်အသောင်းဟာ ကရင့်သမိုင်း စာမျက်နှာသစ်ကို သူတို့ရဲ့ သွေးနီတွေနဲ့ ရေးထိုးခဲ့တယ်၊ ဒီသမိုင်း စာမျက်နှာသစ်ဆိုတာ “ကရင် ဟာ လွတ်လပ်ရေး။ တရားမျှတရေး။ ဥပဒေစိုးမိုးရေး။ တန်းတူရေး။လူ့အခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ခုခံတော်လှန်စစ်ဆင်နွဲရာမှာ လက်မမြောက်။


ဒူးမထောက်။ အညံ့မခံ အရှုံးမပေးတဲ့။ အောင်ပွဲယူရဲတဲ့ သူရဲကောင်း ပီသတဲ့ လူမျိုးဖြစ်တယ်”ဆိုတာ မြန်မာနဲ့ ကမ္ဘာကို သက်သေပြလိုက်တာ ဖြစ်တယ်၊ (၆၁)နှစ်ကြာ ခုခံတော်လှန်စစ် ဆင်နွဲရာမှာ ကရင်တမျိုးသားလုံးဟာ (KNU)ကရင်အမျိုးသား အစည်းအရုံးရဲ့ တောက်ပြောင်တဲ့ ခေါင်းဆောင်မှုကို တစိုက်မှတ်မှတ် လိုက်နာလုပ်ဆောင်ခဲ့ကြတယ်၊အမျိုးသား ခေါင်း ဆောင်ကြီးများ ဖြစ်ကြတဲ့ စောဘဦးကြီး၊စောစိုင်းကေ၊မန်းဘဇန်၊စောဗိုလ်မြ၊စောဘသင်တို့ကို သစ္စာစောင့်သိရိုသေကြသလို ကျဆုံးလေပြီးဖြစ်တဲ့ ကရင့်အာဇာနည် အထောင်အသောင်းအပေါ် သစ္စာစာင့်သိရိုသေကြတယ်၊ကရင်တမျိုးသားလုံးဟာ (KNU)ကို ဝိုင်းရံသွားမှာ ဖြစ်သလို ကရင်အမျိုးသား လွတ်မြောက်ရေး လက်နက် ကိုင်တပ် ပေါင်းစုံ (KNLAF) (Karen National Liberation Armed Forces)ကို ဘက်ပေါင်းစုံက ကူညီ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်၊ ကရင်တမျိုးသားလုံးဟာ ကရင့်လွတ်လပ်ရေး အတွက် ဘယ်လို ပေးဆပ်ရမှုမျိုးကိုမဆို ပေးဆပ်ရန်အသင့် ရှိနေပါတယ်၊

သူရဲကောင်းပီသတဲ့ ကရင်အမျိုးသမီး အမျိုးသားအပေါင်းတို့-
သူရဲကောင်းပီသတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ပေါင်းစုံက ရဲဘော်/ရဲမေအပေါင်းတို့-
စစ်ရာဇာဝတ်ဂိုဏ်း (နအဖ)ဟာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇာဝတ်မှုများကြောင့် စစ်ခုံရုံးမှာ ကျိုးစင်တက်ရမှာကို ကြောက်လန့်နေကြလို့ ဘယ်တော့မှ လူမျိုးစုံ ပြည်သူတွေကို အာဏာလွဲပေးမှာ မဟုတ်ဘဲ။ ကျားကုတ်ကျားခဲ အာဏာကို ဖက်တွယ်ထားမှာ ဖြစ်တယ်၊ ကရင့်တော်လှန်ရေးကို ပိုမိုကြမ်းကြုတ်စွာ ဖြိုခွဲလာမှာ ဖြစ်တယ်။ထိုးစစ်ကြီးများ ဒီနွေရာသီမှာ ဆင်နွဲလာနိုင်တယ်၊ ဒါကြောင့် ကမ္ဘာတဝှန်းမှ ကရင်များ လှည်းနေ၊လှေအောင်း မြင်းဇောင်းမကျန် ကရင့်ခုခံတော်လှန်စစ်ကို ကာကွယ်ဘို့ (KNU) ကရင်အမျိုးသား အစည်းအရုံးရဲ့ ခေါင်းဆောင် မှုကို အပြည့်အဝခံယူပြီး (KNLAF)ကရင်အမျိုးသား လက်နက်ကိုင်တပ် ပေါင်းစုံနဲ့ ခိုင်မာစွာလက်တွဲပြီး ကရင့် လွတ်လပ်ရေးအတွက် လုပ်ဆောင်သွားကြမယ်၊ ကရင့်ခုခံတော်လှန်စစ်ကို နောက်ဆုံးအောင်ပွဲရတဲ့ အထိ တိုက်ပွဲဝင်ရာမှာအမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ (မူ)လေးချက်ကို ခိုင်ခိုင်မာမာ ကိုင်စွဲသွားမှာ ဖြစ်ကြောင်း ဂတိသစ္စာပြု လိုက်ပါတယ်၊

ကရင့်ခုခံတော်လှန်စစ်ပွဲ မုချအောင်ပွဲဆင်နွဲရမှာ ဖြစ်တယ်၊
(နအဖ)စစ်ရာဇဝတ်ကောင်များ မုချကျိုးစင်တက်ရမှာ ဖြစ်တယ်၊

အလုပ်အမှုဆောင်ကော်မတီ။
ကရင်ကွန်မြူနီတီ မီနီဆိုးတား။
အမေရိကန်ပြည်ထောင်စု၊

ဇန်နဝါရီလ (၃၁)ရက်။၂ဝ၁ဝ၊


အဲခေါင်သောင့် ဘလော့ဂ်မှကူးယူဖော်ပြသည်။




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.