တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, January 27, 2010

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

တိုင်းရင်းသားအသံ
တိုင်းရင်းခေါင်းဆောင်တွေကိုလုပ်ကြံတဲ့စစ်ပွားဗမာစစ်အစိုးရစတင်နေပြီးဖြစ်ကြောင်းတိုင်းရင်းသားအသံမှထပ်ခါသတိပေး

တိုင်းရင်းသားအသံမှသုံးသပ်ထားတဲ့ဆောင်ပါးမှကောက်နှုတ်ချက်၊
အင်းအားနဲတဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတစ်ချို.လက်နက်အင်းအား ဆုံးရှုံးမည်၊ခေါင်းဆောင်ပိုင်များကျတော့အမှုကွက်ဆင်ခံရပြီးထောင်ဒဏ်ချမှတ်ခံရနိုင်သည်၊လုပ်ကြံသတ်ဖြတ်မှုခံရနိုင်သည်၊ ရွေးကောက်ပွဲမဝင်၊အရောင်မပြောင်း၊အသွင်းမပြောင်းတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်းအားစုများအတွက်တော့၊ထိုးစစ်ခံရ နိုင်သည်၊ထိုးစစ်ဆင်မည့်တပ်အင်းအားဟာရွေးကောက်ပွဲဝင်(သို.)နယ်ခြားစောင့်တပ်အသွင်းပြောင်းသွားသောတိုင်းရင်းသား
လက်နက်ကိုင်တပ်အင်းအားများကိုရှေ.တန်တင်သုံးမည်၊တိုင်းရင်းသားတပ်အချင်းချင်းရန်တိုက်ပေးတဲ့သဘောဖြစ်သည်၊တိုင်း ရင်းသားခေါင်းဆောင်များသည် လုပ်ကြံသတ်ဖြတ်မှုများနှင့်အချင်းချင်းကွဲပြဲမှုများ ဒဏ်နဲ.အကြီးအကျယ်ရင်ဆိုင်ရမည်၊ဒါပေမဲ့၊ထိုးစစ်ပွဲများပြင်းထန်လာတဲ့အခါ ပြည်တွင်းမှာရပ်တည်နေသောတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့်အခြားသောအမျိုးသားနိုင်ငံရေးပါတီများကဖိနှိပ်မှုဒဏ်များမှသက်သာခွင့်ရမည်၊အနေချောင်လာမည်၊ပြ ည်သူလူထုနှင့်တိုင်းချစ်ပြည်ချစ်စစ်သားများအားကိုးရာအင်းအားစုတစ်ရပ်ပေါ်လာမည်၊တဖန်တင်းမာမှုများဖြစ်လာနိုင်ပြီးစစ် တပ်အာဏာသိမ်းပွဲတစ်ရပ်ပေါ်ပေါက်လာနိုင်မလား၊ပြည်သူလူထုနှင့်တိုင်းချစ်ပြည်ချစ်စစ်သားခေါင်းဆောင်များပူးပေါင်းပြီး အောင်ပွဲခံမလားဆိုတာကိုအချိန်ကသာအဆုံးအဖြတ်ပေးနိုင်လိမ္မည်၊

မိုင်းလားတပ်ဖွဲ့ အထွေအထွေ အတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

ဗုဒ္ဓဟူးနေ့၊ 27 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်
မိုင်းလားတပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမင်းအိမ် ယနေ့ မနက်ပိုင်း ၈း၃၀ ခန့်တွင် လုပ်ကြံသတ်ဖြတ်ခံ ရသည် ဟု ထိုင်းနှင့် တရုတ်နယ်စပ် သတင်းရပ်ကွက်များ ကပြောပါသည်။

“အခုက ကားတွေ ခရီးတင်ကားတွေ မိုင်းလားနယ်မြေတွေကနေ အပြ
င်ထွက်ခွင့်မရတော့ဘူး၊ ကျိုင်းတုံ ကနေ၀င်လာရင် တော့ရတယ်။ လူထု လဲ အိမ်ပြင်မထွက်ဖို့ မိုင်းလားအာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်”- အမည်မဖေါ်လိုသူတဦး က ပြောပါသည်။

NDAA-ESS မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ခွန်ဆန်လူ၊ အတွင်းရေးမှူး ဦးမင်းအိမ်(အလယ်)၊ အတွင်းရေးမှူး ၂ ဦးနွေဦး


အခြားသတင်းရပ်များက ယနေ့ မနက် ၆း၃၀ နာရီ တွင် ဦးမင်းအိမ် အဖေါ်တယောက် နှင့် အိမ်ရှေ့တွင်လမ်းလျှောက် နေစဉ် သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားသည်ဟု ဆိုပါသည်။

ဦးမင်းအိမ် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ဆိုသည်ကို မိုင်းလားအာဏာပိုင် စုံစမ်းဖေါ်ထုတ် ဆဲဖြစ်သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.