တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, January 6, 2010

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှု မွန်ပြည်နယ်တွင် ပြုလုပ်

တိုင်းရင်းသားအသံ

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် လှုပ်ရှားမှု မွန်ပြည်နယ်တွင် ပြုလုပ်

Wed 06 Jan 2010, မိကျလွန်းထော၊ မင်းအဲ
၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် စာလုံးများကို မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရေးမြို့သို့သွားသော အဝေးလမ်းမကြီးပေါ်တွင် (စပရေး) မှုတ်ဆေးဖြင့် အပြည့်ရေးခြစ်ထားသည်ဟု သိရပါသည်။


၎င်းစာလုံးမှာ “2010” ပေါ်တွင် ကြက်ခြေခတ် ပြန်ဆွဲထားပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် အဓိပ္ပါယ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်သစ်ကူးရက်နေ့ နံနက်တွင် စတင်ရေးခြစ်ထားပြီး ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင်လည်း ၄င်းစာလုံးရေးပြီး မီးပုံးပျံ လွှတ်ခဲ့သည်ဟု မော်လမြိုင်မြို့ပေါ်ရှိ မွန်လူငယ်တစ်ဦးက ဆိုသည်။

“လွတ်လပ်ရေးနေ့မှာ သူတို့တွေ မီးပုံးပျံ လွှတ်ကြတယ်၊ အဲဒီ မီးပုံးပျံမှာ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တယ် ဆိုတဲ့ စာတန်းတွေကပ်ပြီး လွှတ်တယ်” ဟု ၄င်းမွန်လူငယ်က ပြောသည်။

ယခုလှုပ်ရှားမှုကို မော်လမြိုင်မြို့ပေါ်ရှိ လူငယ်အဖွဲ့အစည်းများက ဦးဆောင်လှုပ်ရှားခဲ့သည်။ ထို့အပြင် လွတ်လပ်ရေးနေ့တွင်လည်း လူသားတိုင်းအတွက် ရသင့်ရထိုက်သော အခွင့်အရေးများအကြောင်းကိုလည်း ၄င်းလူငယ်အဖွဲ့များက ရှင်းပြပေးခဲ့သည်ဟု မော်လမြိုင်မြို့ပေါ်ရှိ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။


အခုအချိန်မှာ အတက်ကြွဆုံးက လူငယ်တွေပဲ၊ လူငယ်တွေပဲ လှုပ်ရှားမှု လုပ်ပေးတာ များပါတယ်၊ ဖမ်းဆီးတာတို့တော့ ဘာမှ မကြားသေးပါဘူး” ဟု ၄င်းက ပြောသည်။

၎င်းမှုတ်ဆေး (စပရေး) ဖြင့် ရေးခြစ်ထားသော စာလုံးများကို မော်လမြိုင်မြို့ရှိ လမ်းမကြီးများ၊ မုဒုံမြို့ရှိ ကွမ်တာရွာ၊ ယောင်းဒေါင်းကျေးရွာအနီးရှိ ယောင်းဒေါင်းတံတား၊ နိုင်လှုံကျေးရွာလမ်းဝ၊ မုဒုံမြို့၏ တောင်ဘက် ၃ မိုင် ၄ ဖာလုံအကွာရှိ တော်ကူးရွာအနီးနှင့် သံဖြူဇရပ်မြို့ လမ်းမကြီးပေါ်တွင်လည်း အများအပြား ရေးခြစ်ထားသည်ဟု သံဖြူဇရပ်မြို့ မော်လမြိုင် ခရီးသွားလူငယ်တစ်ဦးက ဆိုသည်။

“တစ်နေရာနဲ့ တစ်နေရာ ရေးခြစ်ထားတာ မတူဘူး၊ အချို့နေရာတွေမှာ ၂၀၁၀ ပေါ်မှာ ကြက်ခြေခတ် ခြစ်ထားတယ်၊ အချို့နေရာကြတော့ နိုး ၂၀၁၀ လို့ ရေးထားတယ်၊ အစိုးရကို ဆန့်ကျင်တဲ့ လူငယ်အဖွဲ့တွေ ရေးထားတာ ဖြစ်တယ်၊ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ အများက ပြောနေကြတယ်” ဟု ၄င်းကဆိုသည်။

မော်လမြိုင်မြို့ပေါ်တွင် ၄င်း NO 2010 စာလုံးများကို ၂၀၁၀ ခုနှစ် စဝင်သည့် သောကြာနေ့တွင် စတင်ရေးခြစ်ထားပြီး ထိုနေ့မှစ၍ လုံခြုံရေးများ တင်းကျပ်ချထားခဲ့သည်ဟု မော်လမြိုင်မြို့ပေါ်ရှိ သံဃာတော်တစ်ပါးက မိန့်သည်။

“ဦးဇင်းတို့ မနက်စောစော ဆွမ်းခံကြွတဲ့အချိန်မှာ အဲဒီစာတွေ ရေးခြစ်ထားတာ တွေ့တယ်၊ အဲဒီနေ့နောက်ပိုင်း မဂ္ဂင်လမ်းနဲ့ ဝတ်ကြီးဘုရားလမ်းကြားမှာ စစ်ကား (၃) စီးနဲ့ လုံခြုံရေးတွေ ချထားတာ တွေ့တယ်” ဟု ၄င်းသံဃာတော်က မိန့်သည်။

အတိုက်အခံ အဖွဲ့အစည်းများက ၂၀၁၀ ရွေးကောက်ပွဲကို မလိုလားသော်လည်း မြန်မာစစ်အစိုးရမှာ ၂၀၀၈ ခုနှစ် ပြည်သူတို့၏ တစ်ခဲနက်ထောက်ခံမှုဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေသစ်ကို အတည်ပြုပြီး ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဟု ဗိုလ်ချုပ်ကြီးသန်းရွှေက လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် အတည်ပြုပြောကြားခဲ့သည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.