တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, January 9, 2010

စစ်အစိုးရက ဆယ်သုံးလုံး နေ့ ( ၁၀။၁၀။၁၀ ) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက်

တိုင်းရင်းသားအသံ
စစ်အစိုးရက ဆယ်သုံးလုံး နေ့ ( ၁၀။၁၀။၁၀ ) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက်

အင်တာနက်သတင်း၊ မိုးမခအထောက်တော် ၀၀၆
ဇန်န၀ါရီ ၈၊ ၂၀၀၉
ယနေ့ အင်တာနက်သတင်းဝက်ဆိုက်များနဲ့ ဂျပန်အဆာဟိ သတင်းစာများအဆိုရ မြန်မာစစ်အစိုးရက အောက်တိုဘာ ၁၀၊ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ကြမယ်လို့ဖော်ပြထားသည်ဟု အဆာဟိသတင်းစာတွင် ဆိုသည်ဟု ဖော်ပြထားသည်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင် လုံလောက်တယ်လို့ယူဆထားကြောင်းလည်း ရေးသားထားသည်။ မူရင်းသတင်းကို ဒီနေရာမှာ တွေ့နိုင်သည်။ http://www.asahi.com/international/update/0107/TKY201001060449.html

၂၀၁၀ နှစ်သစ်ကူးပြီးနောက် စစ်အစိုးရသည် အကောင်းဖက်ကို ဦးတည်သည့် ထုတ်ပြန်ချက်များ ဆောင်ရွက်ခြင်း ယခုထိ မတွေ့ရသေးကြောင်း၊ ၀န်ထမ်းများအား လစာ ၂ သောင်းကျော် တိုးပေးမည်ကို သတင်းထွက်လာသော်လည်း ကုန်သည်များဖက်က ဈေးတင်လာမည်ကိုလည်း စိုးရိမ်နေကြောင်း၊ ၅ ထောင်တန် ငွေစက္ကူများကိုလည်း လွယ်ကူအဆင်ပြေအောင် မထုတ်နိုင်သေးကြောင်း၊ မဆလခေတ်က ဘွဲ့ထူး ဂုဏ်ထူးများကို ရုတ်သိမ်းခြင်းမှာလည်း လူထုကြားထဲ စိတ်ရှုပ်ထွေးမှုများသာ ဖြစ်ပေါ်စေကြောင်း၊ ၎င်းတို့ တပ်မတော် အရာရှိနှင့် ၀န်ထမ်းအချို့ကို လျို့ဝှက်ချက်ပေါက်ကြားမှုဖြင့် သေဒဏ်စီရင်သည်ဟူသည့် မင်္ဂလာမရှိသည့် အရေးယူမှုများ ပေါ်ထွက်လာသည်ဟု ဆိုကြောင်း၊ သို့ဖြစ်ပါ၍ စစ်အစိုးရအတွက် ၂၀၁၀ မှာ တာထွက်ကောင်းသည့်နှစ် ဟု မဆိုနိုင်ကြောင်း မိုးမခသို့ စာနယ်ဇင်း အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။
“စစ်ခေါင်းဆောင်တွေနဲ့ တကွ မြန်မာပြည်သူတွေ အတော်များများက အယူသီးတာတို့၊ အတိတ်နမိတ်တို့၊ ဗေဒင်၊ယတြာတို့ ယုံကြတယ်။ အခုလို သတင်းက ဟုတ်ချင်လည်း ဟုတ်မယ်။ ဖိအားပေးတဲ့အနေနဲ့ သတင်းလုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ၈ လေးလုံး၊ ၉ သုံးလုံး တို့နောက် အခုလို ဆယ်သုံးလုံး ရက်စွဲကတော့ ပရိသတ်ကို ဆွဲဆောင်တဲ့ သတင်းတခုတော့ ဖြစ်သွားတာပဲ” ဟု မိုးမခပရိသတ်တဦးက အီးမေးမှတဆင့် ရေးသားထားသည်။



No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.