တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, January 9, 2010

ကချင်မနောပွဲ စည်းကမ်းများ ကြိုတင်သတ်မှတ်

တိုင်းရင်းသားအသံ

ကချင်မနောပွဲ စည်းကမ်းများ ကြိုတင်သတ်မှတ်


မျိုးကြီး | သောကြာနေ့၊ ဇန်နဝါရီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၉ မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ကျင်းပနေသည့် ၆၂ နှစ်မြောက် ပြည်နယ်နေ့ မနောပွဲတော် ကျင်းပရန် အာဏာပိုင်များက စည်းကမ်းချက်များကို ကြိုတင် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

စည်းကမ်းထဲတွင် မနောပွဲအတွင်း ငြိမ်းချမ်းရေး အဖွဲ့များမှ ယူနီဖောင်းနှင့် လက်နက်ခဲယမ်းများ မယူဆောင်ရန်၊ ဂေါ်ရခါးလူမျိုးများ ကပြဖျော်ဖြေခြင်း မပြုရန်၊ သတင်းလွှာနှင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ရာတွင် အာဏာပိုင်များထံ ခွင့်ပြုချက်ယူရန် ပါဝင်သည်ဟု ပွဲတော် ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူတဦးက ပြောသည်။
Hpang-Makawp-
ထို့ပြင် တူမီးများ ဒူးလေးများဖြင့် ဆန်းသစ်စွာ မကရန်၊ နိုင်ငံခြားသားများကို တွေ့ဆုံရာတွင် တံခါးပိတ် မတွေ့ရန်၊ အစီအစဉ် ကြေညာခြင်းများနှင့် အရေးကြီး ပုဂ္ဂိုလ်များ၏ မိန့်ခွန်းများကို စစ်ဖက်ဆိုင်ရာ လုံခြုံရေး - စရဖ သို့ ကြိုတင်တင်ပြရန် ပါဝင်သော အချက် ၁၃ ချက်ဖြစ်သည်။

ပွဲတော်မစတင်ခင် မြစ်ကြီးနာမြို့ စီတာပူရပ်ကွက် မနောအိမ်တော်တွင် အာဏာပိုင်များ ဦးစီးပြုလုပ် ခဲ့သည့် ပွဲတော် ကျင်းပရေး ညှိနှိုင်းစည်းဝေးတွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သော်လည်း မနောပွဲ ဖြစ်မြောက်ရေး ကော်မတီက တရားဝင် ထုတ်ပြန်ခြင်း မရှိပါ။

ယခုလို စည်းကမ်းချက် ထုတ်ရခြင်းသည် မနောပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ကြောင်းနှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ ဖြစ်သဖြင့် အမှားအယွင်း မရှိစေရန် ဆောင်ရွက်ရမည်ဟု ထိုစဉ်က အစည်းအဝေး တက်ရောက်ခဲ့သည့် စစ်အရာရှိတဦးက ပြောဆိုခဲ့ကြောင်း သိရသည်။

ယခင်က မနောပွဲတော်တွင် ကချင် ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ၏ စစ်ယူနီဖောင်းများဖြင့် ပြည့်နှက်နေသော်လည်း ယခုနှစ်တွင် မတွေ့ရတော့ကြောင်း ဒေသခံ ကချင်လူငယ်တဦးက ပြောသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.