တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, January 6, 2010

ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို

တိုင်းရင်းသားအသံ

ပါတီဥက္ကဌ နှင့် အထွေထွေအတွင်းရေးမှူးအား တွေ့ဆုံခွင့်ရရန် SNLD တောင်းဆို

ဗုဒ္ဓဟူးနေ့၊ 06 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး ၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံ ခွင့်ရရန် အမှုဆောင်အဖွဲ့ဝင်များက ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံစာပို့ တင်ပြတောင်းခံထားကြောင်း SNLD အသိုင်းအ၀ိုင်း ကဆိုသည်။

“ကျနော်တို့ ဥက္ကဌ နဲ့ အထွေထွေ အတွင်းရေးမှူး တို့ကိုတွေ့ခွင့်ရဖို့ တင်ပြတောင်းဆိုထားတာ အခုဆို ၁၀ ရက်ကျော် သွားပြီ၊ တွေ့ခွင့်ပြုမပြု ဘာဆိုဘာမှ တစုံတရာ အကြောင်းပြန်တာမရှိသေးဘူး၊ ဗိုလ်ချုပ်မှူးကြီးဆီ ကျနော်တို့စာဘဲ မရောက် တာလားလို့ တွေးစရာဖြစ်ပါတယ်” - ဟု ပါတီဝင်တဦး ကပြောပါသည်။

SNLD ဥက္ကဌ ဦးခွန်ထွန်းဦး


ဒီဇင်ဘာ ၂၁ ရက်နေ့ ၂၀၀၉ ရက်စွဲပါ SNLD ပေးစာတွင် - ၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီဖေါ်ဆောင်ရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးအတွက် အရေးကြီးသည့် အခင်းအကျင်းတရပ်ကို စုပေါင်းဖေါ်ဆောင်ရလိမ့် မည်ဟုရှုမြင်ကြောင်း၊ ဤသို့ဖေါ်ဆောင်နိုင်ရန် SNLD အနေဖြင့် ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦး နှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား အတွင်းရေးမှူးများ အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခွင့်ပြုပါရန် တောင်းခံထားပါသည်။

ထို့အပြင် တောင်းခံစာ၌ “SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား ၂၀၀၅ ဖေဖေါ်ဝါရီက သက်ဆိုင်ရာတာဝန်ရှိသူများက ခေတ္တဆွေးနွေးရန် ခေါ်ဆောင်သွားချိန်မှစ၍ ပူတာအိုမြို့ အကျဉ်းထောင်၊ ကလေးမြို့ အကျဉ်းထောင် သို့ နှစ်ရှည်ထောင်ဒဏ်များဖြင့် အသီးသီးချမှတ်ခံခဲ့ရသည်” ဟု ဖေါ်ပြထားပါသည်။

ယခု SNLD တောင်းဆိုသကဲ့သို့- နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်က အခြား SNLD ခေါင်းဆောင် များ နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ရာမှာ ၂၀၀၉ ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံခွင့်ရရှိခဲ့သည်။

SNLD အထွေထွေ အတွင်ရေးမှူး စိုင်းညွှန့်လွင်

စစ်အစိုးရက သျှမ်းတိုင်းရင်းသားခေါင်းဆောင်ကိုးဦးအား အမျိုးသားညီလာခံ ဖျက်စီးရာဖျက်ဆီးကြောင်း ကြံစည်မှု၊ နိုင်ငံ တော်ပုန်ကန်မှု၊ ပြည်ထောင်စုဖြိုခွဲမှု၊ မတရားအသင်းဖွဲ့စည်းမှု စသဖြင့် ပြစ်မှု ၁၂ ခု စွဲချက်တင်ပြီး ဦးခွန်ထွန်းဦးအား ထောင် ဒဏ် ၉၃ နှစ်၊ စိုင်းညွန့်လွင် အား ၈၅ နှစ် အပြင် ဗိုလ်ချုပ်ဆေထဲန်အား ၁၀၆ နှစ် စိုင်းလှအောင်၊ စိုင်းမျိုးဝင်းထွန်း၊ စိုင်းထွန်းညို၊ ဦးဘသင် ဆရာဦးမြင့်သန်း (၂၀၀၆ နှစ်လယ်ပိုင်း သံတွဲအကျဉ်းထောင်၌ ကွယ်လွန်)၊ တို့အားလည်း အနည်းဆုံးထောင်ဒဏ် ၇၉ နှစ်စီ၊ ဦးစ၀်သာဦးအား ထောင်ဒဏ် ၁၄ နှစ် (အစိုးရသက်သေ လုပ်ပေးသဖြင့် ထောင် ၂ နှစ်ကျပြီး ပြန်လည်လွတ်မြောက်) ပြစ်ဒဏ်ပေးခဲ့ပါသည်။


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.