တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, January 9, 2010

မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်

တိုင်းရင်းသားအသံ
မွန်အမျိုးသားနေ့ ပိုစတာပါ စာသား ဖြုတ်ခိုင်းမှု နအဖအား မွန်အမျိုးသားများ ဝေဖန်
ဝီရ / ၈ ဇန်န၀ါရီ ၂၀၁၀

လာမည့် ဇန်နဝါရီ (၃၀) ရက်တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာပါ စာသားများအား နအဖအာဏာပိုင်တို့က ဖြုတ်ခိုင်းခြင်းသည် တိုင်းရင်းသားတို့၏ အခြေခံရပိုင်ခွင့် အခွင့်အရေးတို့ကို လျစ်လျူရှုလိုက်ခြင်းဖြစ်ကြောင်း ဝါရင့် မွန်နိုင်ငံရေးသမားတဦးက ပြောကြားသည်။

၎င်းက “သမိုင်းဖြစ်ရပ်မှန်တရပ် အထိမ်းအမှတ်ပိုစတာမှာ ဖော်ပြလိုက်တာကို နအဖက ပြန်ဖြုတ်ခိုင်းနေတာဟာ တိုင်းရင်းသားတို့ရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ စာပေယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့်နဲ့ ပြောဆိုရေးသားပိုင်ခွင့်ကို ပိတ်ပစ်တာဖြစ်တယ်။ သမိုင်းအမှန်ကို အမှန်အတိုင်းရေးတာ ပိတ်ပစ်တယ်။ ဒါဟာ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်ဖိုးမထားဘဲ လျစ်လျူရှုလိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

မွန်အမျိုးသားနေ့ပိုစတာ၌ ပါသည့် သက္ကရာဇ် ၁၀၅၇ ခုနှစ်သည် မြန်မာဘုရင် အနော်ရထာက သုဝဏ္ဏဘူမိ သထုံပြည် မွန်နိုင်ငံတော်ကို သိမ်းပိုက်ကာ မွန်ဘုရင် မနူဟာမင်းနှင့်တကွ ပိဋကတ်သုံးပုံနှင့် ပညာရှင်များပါမကျန် ရှေ့ဟောင်းအမွေအနှစ် အားလုံးကို ပုဂံသို့ ဆောင်ယူသွားခဲ့သည့်ခုနှစ် ဖြစ်သောကြောင့် ယင်းကဲ့သို့ မဖော်ပြရန် အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါ ဝါရင့် မွန်နိုင်ငံရေးသမားက ဆက်လက်ပြောကြားသည်။

ပွဲတော်ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက “ပိုစတာမှာ ရေးထားတဲ့စာသားဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတယ်။ ဒါကြောင့် ဖြုတ်ပေးဖို့ ပြည်နယ်အေးချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီက ကျနော်တို့ကို ဒီဇင်ဘာ (၂၉) ရက် နေ့လယ်ပိုင်းမှာ ခေါ်တွေ့တယ်။ ပိုစတာမှာ အရင်နှစ်တွေလိုပဲ မွန်နဲ့ဗမာ နှစ်ဘာသာ ရေးထားတဲ့အထဲက ဗမာစာပိုဒ် (၂) ကြောင်းကို ဖြုတ်ခိုင်းတာ ဖြစ်တယ်” ဟု ပြောသည်။

အရွယ်အစား (၁၂) ပေ x (၈) ပေရှိသည့် ထိုပိုစတာကြီးမှ ဖြုတ်ပစ်ခိုင်းသည့် စာသားအပြည့်အစုံမှာ “သထုံတဝိုက်မှ မလေးကျွန်းဆွယ်အထိ အရှေ့တောင်အာရှဒေသတခုလုံးသည် သုဝဏ္ဏဘူမိဒေသတွင် အကျုံးဝင်သည်။ သက္ကရာဇ် ၁၀၅၇ တွင် သထုံဒေသ တိုက်ခိုက်ခံရပြီး အမျိုးသားအမွေအနှစ်အားလုံး ဆောင်ကြဉ်းသွားခြင်း ခံရသော်လည်း သုဝဏ္ဏဘူမိ နန်းစဉ် ဗုဒ္ဓရုပ်ပွားတော်ကိုကား ပင့်ဆောင်သွားခြင်း မပြုနိုင်ခဲ့ချေ” ဟူ၍ ပါရှိပြီး ထိုကာလက ပုဂံသို့ ပင့်ဆောင်သွားနိုင်ခြင်း မရှိခဲ့သည့် သုဝဏ္ဏဘူမိ နန်းစဉ်ဗုဒ္ဓရုပ်ပွားတော်ပုံနှင့် သုဝဏ္ဏဘူမိ ဒေသပြမြေပုံတို့ဖြင့် ပိုစတာကို အခြေခံသရုပ်ဖော်ထားသည်။

ပိုစတာဒီဇိုင်းပုံကို မရိုက်နှိပ်မီ (၂) ပတ်အကြာ သက်ဆိုင်ရာအာဏာပိုင်တို့ထံ ကြိုတင်တင်ပြခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်အနှံ့ ပိုစတာ စောင်ရေ (၁၀၀) နီးပါး စိုက်ထူပြီးချိန်မှ ပြင်ဆင်ခိုင်းသဖြင့် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။

သဘာပတိမိန့်ခွန်းပါ သက္ကရာဇ် ၁၀၅၇ စာပိုဒ်နှင့် အခြားလက်ကမ်းစာစောင်များမှ စာပိုဒ်အချို့ကိုလည်း ယခုနှစ် ပွဲတော်တွင် မဖတ်ကြားရန် တားမြစ်ခဲ့ကြောင်းလည်း သိရသည်။

“ပိုစတာက Message လေးတခုကိုတောင် မဖော်ပြခိုင်းတာဆိုတော့ နိုင်ငံရေး၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်လာရင် နအဖက ပိုတင်းမာနိုင်တဲ့ သဘောထားမျိုးနဲ့ လူမျိုးစုတွေအပေါ် ပိုမိုဖိနှိပ်ချုပ်ချယ်ဦးမှာပဲ။ ဒီလုပ်ရပ်ဟာ နအဖ ဟစ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ” ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် တဦးက ပြောသည်။

ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ ပွဲတော်အခမ်းအနား ကျင်းပခွင့်ကို ၂၀၀၂ ခုနှစ်မှစ၍ ပိတ်ပင်ခံခဲ့ရပြီး ဗဟိုအခမ်းအနားအဖြစ် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် အလှည့်ကျကျင်းပခဲ့ရာတွင် သဘာပတိမိန့်ခွန်းနှင့် စာရွက်စာတမ်းအချို့မှ စာပိုဒ်အချို့ကို မဖတ်ကြားရန် အာဏာပိုင်တို့က တားမြစ်ခဲ့မှုများ ရှိသော်လည်း ပိုစတာပါ စာသား ဖြုတ်ခိုင်းသည်မှာ ယခုနှစ်တွင် ပထမဆုံး အကြိမ်ဖြစ်သည်။

ပြည်တွင်းမှ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ ဦးဆောင်သည့် (၆၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကို မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး မွန်ပြည်သစ်ပါတီ ကြီးမှူးကျင်းပမည့် အခမ်းအနားကို ဘုရားသုံးဆူ နယ်စပ်တနေရာတွင် စီစဉ်ထားကြောင်း သိရသည်။

သမလ၊ ဝိမလ ညီနောင်နှစ်ပါးက မွန်နိုင်ငံတော် ဟံသာဝတီ ပဲခူးမြို့ကို စတင်တည်ထောင်ခဲ့သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ၁၉၄၇ ခုနှစ်ကတည်းက စတင်ကျင်းပလာ ခဲ့သည်။




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.