ဆရာဒေါက်တာမန်းသက်စံ နှလုံးရောဂါဖြင့် ကွယ်လွန်
(ကာအိုဝါအိုသတင်းဌာနမှ)
မော်လမြိုင်ဒီကရီကောလိပ်နှင့် ပုသိမ်ဒီကရီကောလိပ်တို့တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဒေါက်တာမန်းသက်စံ (PhD) အသက် ၇၉ နှစ်သည် ယမန်နေ့က ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်ရှိ နေအိမ်တွင် နှစ်လုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဆရာ၏ ဈာပနကိုလာမည့် အောက်တိုဘာလ ၁၄ ရက် ( သီတင်းကျွတ်လပြည့်နေ့) ညနေ ၄ နာရီတွင် ရေဝေးသုသာန်တွင် မီးသင်င်္ဂြိုဟ် အခမ်းအနား ပြုလုပ်မန်ဖြစ်ကြောင်း ကျန်ရစ်သူ မိသားစုတို့ ပြောကြားခဲ့ပါသည်။
ဒေါက်တာမန်းသက်စံကို မော်လမြိုင်မြို့နယ် ကတိုးကော့နှပ် ဇာတိရွာတွင် အဖနိုင်ထွန်းအောင်၊ မိခင်ဒေါ်သိန်းတင် တို့မှ မွေးဖွားခဲ့ပြီး ဓါတုဗေဒ ပညာရပ်ဖြင့် BSင , MSငနှင့် နိုင်ငံခြားတွင် PhD ဘွဲ့တိုကို လေ့လာသင်ယူခဲ့ပါသည်။ ကျန်ရစ်သူဇနီး ဒေါ်ဌေးရီနှင့် သားသမီးနှစ်ဦး ထွန်းကားခဲ့ပါသည်။
မဆလခေတ်တွင် အမှတ် (၂) စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီး၊ နိုင်ငံတော်ပြည်သူ့တရားသူကြီး အဖွဲ့ဝင်၊ ညွန်ကြားရေးမှူးချုပ် ဗဟိုသုတေသနလုပ်ငန်းတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်သည်၊ မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်ပြီး ကာလတွင် ပါတီလက်အောက်ခံ ရာမညအင်တာနေရှင်နယ် ကုမ္မဏီလိမိတက်တွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေပါသည်။ တက္ကသိုလ်များ မွန်စာပေယဉ်ကျေးမှုအဖွဲ့ နာယကအဖြစ် တက္ကသိုလ်ကောလိပ်ကျောင်းတွင် တာဝန်ထမ်းဆောင်စဉ် အမြဲတမ်းပါဝင်ခဲ့ပါသည်။
No comments:
Post a Comment