တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 22, 2008

နအဖစစ်တိုင်းမှူးများ ဆက်တိုက် စည်းရုံးရေးဆင်း၊ အပစ်ရပ်အဖွဲ့များလဲ စစ်ရေးပြန်လေ့ကျင့်

တိုင်းရင်းသားအသံ
နအဖစစ်တိုင်းမှူးများ ဆက်တိုက် စည်းရုံးရေးဆင်း၊ အပစ်ရပ်အဖွဲ့များလဲ စစ်ရေးပြန်လေ့ကျင့်
User Rating: / 0
PoorBest
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Wednesday, 22 October 2008 09:35

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လက်နက်ကိုင် အပစ်ရပ် တပ်ဖွဲ့များလက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ် ရန်/ ပြုပြင်ပြောင်းလဲရန်/ ပြန်လည်ဖွဲ့စည်းရန် နအဖစစ်တိုင်းမှူးတို့ အဆက်မပြတ်စည်းရုံးရေးဆင်းနေသကဲ့သို့ အပစ်ရပ်အဖွဲ့များ အတွင်း အရာရှိမွမ်းမံသင်တန်းများ၊ စစ်ရေးလေ့ကျင့်မှုများပြလုပ်နေသည်ကိုတွေ့ရကြောင်း နယ်စပ် သတင်းရပ်ကွက်ကဆိုပါသည်။


ယခုလ ၁၉ ရက်နေ့က တြိဂံ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၊ တြိဂံတိုင်း ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း နှင့် ကျိုင်းတုံခရိုင် မိုင်းခတ် ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ ၀ ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်) တရုပ်နယ်စပ်အနောက်ဘက် မိုင်းဖျဲန်၊ ဟိုတောင်းသို့ သွားရောက်လည်ပတ်၍ ဒေသခံ ၀ အာဏာပိုင်များနှင့် ထပ်မံသွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြန်၏။

“ကား ၆ စီး ၇ စီးလောက် ပါသွားတယ်။ မိုင်းယန်းမြို့ မြောက်ဘက် မိုင်းဖျဲန်-ဟိုတောင်းကိုသွားပြီး ၀ အရာရှိတွေနဲ့ စကားပြော တယ်။ ပြီးတော့ (တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး) ထိန်းချုပ်နယ်မြေကိုဆက်တိုက်ဖြတ် NDAA အပစ်ရပ် အထူးဒေသ ၄ မိုင်းလား ဌာနချုပ်အထိ ဆင်းသွားတယ်။ မိုင်းလားမှာရှိတဲ့အကြီးအကဲတွေနဲ့သွားတွေ့ပြီး ကျိုင်းတုံကို နေ့ချင်းပြန်သွားတယ်လို့ကြားတယ်” ဟု ကျိုင်းတုံ-မိုင်းလား ကားဆရာ တစ်ဦးက ပြောပြ၏။

အခြားတဖက်တွင်မူ UWSA ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်)မိုင်းပေါက်၌ ပြီးခဲ့သည့် ဂျွန်လမှစ၍(ပန်ဆန်းဌာနချုပ် နည်းတူ) နိုင်ငံရေးဆိုင်ရာသဘောတရား ပညာပေးသင်တန်း၊ စစ်ရေး လေ့ကျင့်မွမ်းမံသင်တန်းများ ပြုလုပ်ခဲ့သည်ဟုဆို၏။

“အခု ၃ သုတ်မြောက် လေ့ကျင့်ပြီးသွားပြီ။ ၁ သုတ်မှာ ကေဒါ ၆၀၀ လောက်ရှိတယ်။ ၁ လကြာတယ်။ တပ်စိပ်မှူးကနေ တပ်ခွဲမှူး အထိ အဲဒီသင်တန်းတွေ သွားတက်ရတယ်”ဟု အပစ်ရပ် ၀ အဖွဲ့နှင့်နီးစပ်သူ ကျိုင်းတုံသားတစ်ဦးက ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ တရုပ်နယ်စပ်အခြေစိုက် နိုင်ငံရေး စစ်ရေးလေ့လာသူတစ်ဦးက“ နအဖစစ်တိုင်းမှူးတွေကလဲအပစ်ရပ် နယ်မြေ တွေထဲအထိ ကွင်းဆင်းစည်းရုံးတယ်။ မြောက်ပိုင်းဝတပ်ဖွဲ့က စစ်ရေးမွမ်းမံလေ့ကျင့်နေတယ်။ တောင်ပိုင်းဝ တပ်ဖွဲ့တွေ စီးပွါးရေးကိုဘဲ ဇောက်ချလုပ်နေတာတွေ့ရတယ်။ ဘယ်သူက တကယ်တမ်းဘယ်လမ်းလျှောက် နေတယ်ဆိုတာ တစ်နှစ်တာကာလအတွင်းမှာ ကောင်းကောင်းသိလာနိုင်တယ်” ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ခေါင်းဆောင်ဗိုလ်မှူးကြီးယွက်စစ်ကလည်း “ အပစ်ရပ်အဖွဲ့ထဲက စီးပွါးရေးသမားနဲ့ မျိုးချစ် ပြည်ချစ်တော်လှန်ရေးသမား တစ်ဦးနဲ့တစ်ဦး ဘယ်လောက်အမှီသဟဲပြုနိုင်ကြမယ်ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ကြာရှည်လက် တွဲသွားဖို့တော့မလွယ်ဘူးလို့ ကျနော်ထင်တယ်” ဟု ယခုလ ၂၀ ရက်နေ့က လွယ်တိုင်းလျဲန်းဌာနချုပ်၌ ပြောခဲ့သည်။

အလားတူ ယခုလ ၆ ရက်နေ့ကလည်း ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုဥက္ကဌ အစရှိသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲများ အား သွားရောက်ဆင့်ခေါ်ရှင်းလင်းခဲ့စဉ် ၂၀၁၀ ရွေးကောက်ပွဲပြင်ဆင်မှုရှိရန်၊ တိုင်းရင်းသားများအား နိုင်ငံသားကဒ် လုပ်ပေးရန်၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေးစစ်ဆေးရန်၊ အိမ်ဖုန်းချပေးရန် အကြောင်းပြချက်ဖြင့် တြိဂံစစ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ကိုယ်တိုင် မိုင်းဆတ်-မိုင်းတုံ-နားကောင်းမူး၊ ထိုင်းနယ်စပ် ပါခီးတပ်စခန်းသို့ ကွင်းဆင်း၍ တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသ ၁၇၁ မှ အကြီးအကဲများနှင့် ထမင်းလက်ဆုံစားခဲ့သေးသည်ဟု ဆို၏။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.