တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, October 2, 2008

ဗမာစကားနားမလည်သော သျှမ်းအမျိုးသား သေလုမျောပါး ရိုက်နှက်ခံရ

တိုင်းရင်းသားအသံ
ဗမာစကားနားမလည်သော သျှမ်းအမျိုးသား သေလုမျောပါး ရိုက်နှက်ခံရ
User Rating: / 0
PoorBest
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Thursday, 02 October 2008 12:27

ဗမာစကားနားမလည်သော သျှမ်းအမျိုးသားတစ်ယောက် အလုပ်ခိုင်း၍မရ၊ ကလန်ကဆန်လုပ်သည်ဟုဆိုကာ နယ်စပ်ဂိတ်စောင့် ဗမာစစ်သားတို့၏ သေလုမျောပါး ရိုက်နှက်ကန်ကျောက် ခံရပြီး ခြေချင်းခတ်ခံရကြောင်းထိုင်းနယ် စပ်သတင်းရပ်ကွက်ကဆိုပါသည်။

စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီက မိုင်းတုံမြို့နယ် နားကောင်းမူးအုပ်စုမှ အသက် ၃၃ နှစ် အမျိုးသား တစ်ယောက် ၎င်း ၏ အဘွားဆေးကုရန် ထိုင်းနယ် နောင်အုပ်သို့ ဆိုင်ကယ်ဖြင့်သွားပို့ရာမှအပြန် BP 1 နယ်စပ် ဂိတ်စောင့် တပ်ကြပ်ကြီးတစ်ယောက်၏ ရိုက်နှက်မှုခံရခြင်း သည်။



၎င်းင်း၏မိတ်ဆွေ နားကောင်းမူးဒေသခံ တစ်ဦးက “သူ့ကို တပ်ကြပ်ကြီး အောင်ထူးက BP 1 ဂိတ်နဲ့ ၆မိုင်လောက် အကွာ မှာရှိတဲ့ နမ့်ယုံးရွာမှာ ဆန်အိတ်သွားတင်ခိုင်းတာ။ သူကဗမာစကားနားမလည်၊ တပ်ကြပ်ကြီးကလည်း သျှမ်းလိုနားမလည်ဆိုတော့ သဘော မပေါက်ကြဘူး။ အဲဒါနဲ့တပ်ကြပ်ကြီးက ကိုယ်တိုင်သွားမယ်ဆိုပြီးသူ့ဆိုင်ကယ် သော့တောင်းတယ်။ သူကမပေးဘူး။ တပ်ကြပ်ကြီး က လုယူတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဗမာစစ်သား ၄-၅ ယောက် ၀ိုင်းထိုးကြိတ်ကန်ကျောက်၊ သူလဲကျသွားတော့ တုတ်တွေနဲ့ ထပ်ရိုက်၊ မေ့မျောလုနီးပါး မထ နိုင်တော့မှ တဲထဲဆွဲခေါ်သွားပြီး ၀ါးပိုးနဲ့ခြေချင်းခတ်ထားလိုက်တယ်” ဟုပြောပြ၏။

“ခင်ဗျားတို့ရွာကလူတစ်ယောက် ခိုင်းတာလဲမလုပ်ပေး၊ လူကိုပြန်ချချင်သေးတယ်။ သူ့ကိုခြေချင်းခတ်ထားလိုက်ပြီ” ဟု နားကောင်း မူးအုပ်စု ဥက္ကဌအား BP 1 ဂိတ်မှ နအဖစစ်တပ်က အကြောင်းကြားရာ ဥက္ကဌက “တပ်ကြပ်ကြီးတို့ကို အနူးအညွှတ် တောင်းပန်ပါတယ်။ သူက ကျပ်ပြည့်တာမဟုတ်ဘူး အရေးမလုပ်ပါနဲ့ဆိုတော့မှ ညနေ ၅ နာရီခွဲမှာ ပြန်လွတ်ပေးတယ် ” ဟု ဆို၏။

“ကျနော့် သူငယ်ချင်း အလကား နာရတာပေါ့ဗျာ။ ဒီမိုင်းပြင်း ခလရ ၄၃ က ရွာသားတွေကို အနိုင်ကျင့်တဲ့နေရာမှာ နာမည်ကြီး၊ ကျေးလက်သမီးပျိုတွေ တွေ့တဲ့နေရာ မုဒိန်းကျင့်တယ်ဆိုတာလဲ သူတို့ပြောင်းမလာခင်ကတဲ့ သတင်း ရနေတော့ ဒီက ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေရတယ်။ ဒါတောင်မှ မလွတ်ဘူး” ဟု ၎င်းက ဆက်ပြောပြ၏။

BP 1 ဂိတ်စောင့် မိုင်းပြင်းခလရ ၄၃ သည် ဘီးလှိမ့်ခွန်ဆိုပြီး ဆိုင်ကယ်တစ်စီး ဂိတ်ကြေးဘတ်၂၀၀ ကောက်၏။ ဗမာစကားနားမလည် သဖြင့် အရိုက်ခံသော အဆိုပါအမျိုးသားမှာ သျှမ်းပြည်အလယ်ပိုင်းဇာတိဖြစ်ပြီး နားကောင်းမူး သူနှင့်အိမ်ထောင်ပြုထားသည်မှာ ၂ နှစ်ခန့်သာရှိသေးသည်ဟုဆိုပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.