တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 22, 2008

အပစ်ရပ်အဖွဲ့များကို စစ်တိုင်းလက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခိုင်းမည်

တိုင်းရင်းသားအသံ
အပစ်ရပ်အဖွဲ့များကို စစ်တိုင်းလက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြန်လည်ဖွဲ့စည်းခိုင်းမည်
User Rating: / 0
PoorBest
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Written by ပါးရယ်
Wednesday, 22 October 2008 09:37

မြန်မာစစ်အစိုးရမှ လာမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကြိုတင်ပြင်ဆင်ထားသည့် အနေဖြင့် ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ်ရှိ အပစ်ရပ် အဖွဲ့အစည်းများကို ၎င်းတို့၏ ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်တွင် တပ်ဖွဲ့များ အဖြစ်သို့ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရန်အတွက် စစ်အစိုးရမှ တာဝန်ရှိသူတစ်ဦးက အသိပေးပြောကြားကြောင်း သိရှိရပါသည်။


အဆိုပါ ခေါ်ယူတွေ့ဆုံခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ရှမ်းပြည်နယ်ကို တာဝန်ယူထားသော က-စ-ထမှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အပစ်ခတ်ရပ်အဖွဲ့များဖြစ်သော မုန်းလားနှင့် ၀နယ်တောင်ပိုင်း စသည့်အဖွဲ့များကို ရှမ်းပြည်နယ်ရှိ ကျိုင်းတိုမြို့တွင် ခေါ်ယူအသိပေးခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထိုကဲ့သို့ စစ်အစိုးရက တိုင်းရင်သားလက်နက်ကိုင် ငြိမ်းအဖွဲ့များကို ခေါ်ယူအသိပေးခြင်းနှင့် ပတ်သက်၍ ပီပီအယ်အို (ပအိုဝ်းအမျိုးသားပြည်သူ့လွတ် မြောက်ရေးအဖွဲ့)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက "သူတို့က နံပါတ် ၁ ကတော့ သူတို့ဖြုတ်ချင်တာကတော့ လက်နက်ဖြုတ်ချင်တာပေါ့၊ ဒါပေမယ့် လက်နက်ဖြုတ်လို့မရဘူး၊ လက်နက်ဖြုတ်လို့ မရတဲ့အခါကျတော့ သူတို့လက်အောက်မှာ ရောက်အောင် အုပ်ချုပ်မှု လွဲပြောင်းမယ့် သဘောမျိုးပေါ့၊" ဟု ပြောသည်။

မြန်မာစစ်အစိုးရက လာမည့် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်းတွင် သူတို့က စစ်အစိုးရတပ်ဖွဲ့များ မဖြစ်တော့ခြင်း၊ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲကို အနိုင်ရသည့် အစိုးရပုံစံအဖြစ်သို့ ပြောင်းလဲရတော့မည် ဖြစ်သည်။ ထို့ကြောင့် အပစ်ခတ်ရပ်အဖွဲ့အစည်းများကို အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရောက်ရှိအောင် ကြိုးပမ်းပြီး ကျုံးသွင်းနေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်ပြောပါသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ခေါ်ယူတွေ့ဆုံခြင်းအရ အပစ်ရပ်အဖွဲ့များကို လက်နက်များ ချခိုင်းရန်အတွက် မဟုတ်ဘဲ၊ ပြန်လည်ဖွဲ့စည်းမည့် အကြောင်းကိုသာ ကြိုတင်အသိပေးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ နှစ်ဦးနှစ်ဘက်တွင် အချင်းချင်း နားလည်မှုထား ရှိရန်နှင့် ညှိနှိုင်းဆွေးနွေးရန်အတွက်သာ ဖြစ်သည်ဟု ဆိုပါသည်။ သို့သော် မည်သည့်အချိန်မျှမှ ပြန်လည်ဖွဲ့စည်းခိုင်းမည်ကို အသိပေးမှာကြားခြင်း မရှိသေးကြောင်း သိရသည်။

အကယ်၍ မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန အုပ်ချုပ်မှုအောက်တွင် အမှန်တကယ် ၀င်ရောက်သွားမည်ဆိုပါက ယင်းတို့၏ အနာဂတ်အခြေအနေ ဖြစ်လာနိုင်မည့် တပ်ဖွဲ့များက ဒုတိယလက်နက်ကိုင် စစ်တပ်ဖြစ်ခြင်း၊ ရဲများဖြစ်ခြင်း၊ လုံခြုံရေးများဖြစ်ခြင်းနှင့် ပြည်သူ့စစ်များဖြစ်ခြင်း စသည်များကို ဖြစ်လာနိုင်သည်ဟု ဆိုသည်။

"အထူးရဲများ အဖြစ်ပေါ့နော်၊ လခပေးပြီး ခံရတာပေါ့၊ ဆက်ဆံမှုကြတော့လည်း နိုင်ငံတော် နအဖတို့ ဆက်ဆံပေမယ့် လခထုတ်ပေးတာ ပြည်ထဲရေးက ထုတ်ပေးတာပေါ့၊ ဒါပေမယ့် ဟိုကျရင် သူက ရဲမဟုတ်တော့ဘဲနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်ရိုက်ချုပ်ကိုင်တဲ့ စစ်တပ်တွေအဖြစ် ပြောင်းပစ်မှာပေါ့၊ အဲဒီကျလို့ရှိရင် ပြည်ထဲရေးအခန်းကဏ္ဍ မရှိတော့ဘူး၊ ဆိုတော့ တပ်က တိုက်ရိုက်ကိုင်တော့မှာ၊ သူတပ်နဲ့သူ ဖြစ်သွားတော့မှာ၊ သက်ဆိုင်ရာ တိုင်းရင်းမှူးရဲ့ အောက်မှာ၊ သက်ဆိုင်ရာဗျုဟာမှူးရဲ့ အောက်မှာ၊ သက်ဆိုင်ရာ တိုင်းမှူးရဲ့ အောက်က တပ်တွေ ဖြစ်ကုန်တော့မှာ၊ အဲတော့ ၀တပ်မတော်လည်း မရှိတော့ဘူး၊ ရှမ်းတပ်မတော်လည်း မရှိတော့ဘူး၊" ဟု တရုတ်-မြန်မာနယ်စပ်က မြန်မာ့စစ်ရေးနှင့် နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောင်းက လွတ်လပ်သော အာရှအသံ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အပစ်ခတ်ရပ်အဖွဲ့အစည်းများက မြန်မာစစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တပ်ဖွဲ့များအဖြစ်သို့ ပြန်လည်ဖွဲ့စည်းတည်ထောင်မည့် အခါတွင်လည်း နိုင်ငံတော်တပ်မတော် ဂုဏ်သိက္ခာနှင့် ညီညွတ်သည့် အဆင့်အတန်းနှင့် အရည်အချင်းများ ရှိဖို့ရန် လိုအပ်သည်ဟု ဆိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သည် နိုင်ငံတော်တပ်မတော်၏ လက်အောက်သာ ဖြစ်သောကြောင့် အကယ်၍ အဆင့်မမှီသော တပ်ရင်မှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူးများ ပါရှိပါက ၎င်းတို့၏ နေရာတွင် မြန်မာ စစ်အစိုးရ တပ်မတော်များမှ အစားထိုး အုပ်ချုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.