တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 22, 2008

ကြံ့ဖွံ့အသင်းဝင်၏ကျွဲ လျှပ်စစ်ဌာနပိုင်ရာဘာခြံတိုးကျွံ ကျပ်သိန်းချီပေးလျော်ရ

တိုင်းရင်းသားအသံ
ကြံ့ဖွံ့အသင်းဝင်၏ကျွဲ လျှပ်စစ်ဌာနပိုင်ရာဘာခြံတိုးကျွံ ကျပ်သိန်းချီပေးလျော်ရ
User Rating: / 0
PoorBest
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Wednesday, 22 October 2008 17:16

ကြံ့ဖွံ့အသင်းဝင်ပါက မျက်နှာပန်းလှမည်၊ အခွင့်ထူးရမည်ဟုယူဆသူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းဒေသခံကြံ့ဖွံ့အသင်း သား တစ်ဦး ၎င်းင်း၏စားကျက်လွှတ်ကျွဲ လျှပ်စစ်ဌာနပိုင်ရာဘာခြံတိုးကျွံသဖြင့် ကျပ်သိန်းချီပေးလျော်ရကြောင်းနယ်စပ် သတင်းရပ်ကွက် က ဆိုပါသည်။


လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကြံ့ဖွံ့အသင်းဝင်ထားသူ မိုင်းယန်းမြို့ဝမ့်ဟော့ကန်ရွာသား စိုင်းပျဲန်းဆိန့် (အသက် ၅၁ နှစ်) သည် လျှပ်စစ်ဌာနပိုင် ရာဘာခြံအနီး လယ်ကွင်းထဲ စားကျက်လွှတ်ထားရာမှ ၎င်းင်း၏ကျွဲများ ရာဘာခြံအတွင်းဝင်ရောက် ခြင်းဖြစ်ပြီး လျှပ်စစ်ဦးစီးမှူး ဦးကျော်နိုင်က ကျွဲတစ်ကောင် ကျပ်ငါးသောင်းဖြင့် ပြန်ရွေးရန်လျော်ကြေးအဖြစ်ဒဏ်ရိုက်ခြင်း ဖြစ်သည်ဟုဆို၏။

“ ကြံ့ဖွံ့ အသင်းဝင်ရင် အခွင့်ထူးလေး ဘာလေးရမယ်ထင်လို့ပေါ့။ အခု သူ့ကျွဲ ၆ ကောင် ရာဘာခြံတိုးတဲ့ကိစ္စ ဖြစ်လာရော ဘယ်သူ့ကိုမှ သူအားကိုးလို့မရဘူး။ ရယက ဥက္ကဌ ကလဲ သွားကူပြောပေးတယ်။ ဘယ်လောက်ဘဲ တောင်းပန်ပြောပြော လျှပ်စစ် ဦးစီးမှူးက ‘ငွေ ၃ သိန်းနဲ့ ကျွဲပြန် ရွေးရင်ရွေး၊ မရွေးရင် ပုလိပ်ကိုသွားအပ်လိုက်မယ် ’- ဆိုတော့ သူလည်း ကြောက်ကြောက် လန့်လန့်နဲ့အဆင်သင့် ပါလာတဲ့ ကျပ် ၃ သိန်းထုတ်ပေးလိုက်ရတာပေါ့ ” ဟု မိုင်းယန်း ဒေသခံ လယ်သမားတစ်ဦးကပြောပြသည်။

ကျွဲများဝင်သွားသော လျှပ်စစ်ရာဘာခြံမှာ ၂ ဧက ခန့်သာကျယ်ပြီး ရာဘာပင်များ ပျက်စီးဆုံးရှုံးခြင်းမရှိ၊ လျှပ်စစ်ဦးစီးမှူးက တမင် သက်သက် စားပေါက်ထွင်ခြင်းသာဖြစ်သည်ဟု မိုင်းယန်းဒေသခံများ ပြောဆိုနေကြသည်။

“အခုကိစ္စကောင်းကောင်းပြန်စဉ်းစားရင် စိုင်းပျဲန်းဆိန့်အစားရင်နာတယ်။ သူက ၀တ်ပါကန်ဘုန်းကြီးကျောင်းဂေါပက အဖွဲ့ဝင်လည်း ဟုတ်တယ်။ အရင်က ကျိုင်းတုံစစ်တိုင်းရုံးတို့၊ ခရိုင်ရုံးတို့ကအာဏာပိုင်တွေလာပြီဆိုရင် လုပ်လက်စ အလုပ်ပစ်ထား၊ ပုဆိုးစိမ်းပြေး ၀တ်ပြီး လူကြီးတွေနောက် တကောက်ကောက်လိုက်ရတာလည်းအမောဘဲ။ကျွဲပြဿနာ ဖြစ်ပြီးနောက်ပိုင်း ကြံ့ဖွံ့အသင်းဝင်လည်း ဘာမှမထူးဘူးဆိုပြီး သူငြီး နေတာတွေ့ရတယ်။ အခုပြန်ထွက်ချင်လည်းမလွယ် တော့ဘူးလေ” ဟု ၎င်းင်းနှင့်ခင်မင်ရင်းနှီးသူ မိတ်ဆွေ တစ်ဦးကပြောပြသည်။

မိုင်းယန်းမြို့သည် ကျိုင်းတုံအရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာခန့်အကွာရှိသည်။ လျှပ်စစ်ဌာနပိုင်ရာဘာခြံမှာ မိုင်းယန်းမြို့ အရှေ့ ဘက် ဆီလူးသို့ အထွက်လမ်းတွင်ရှိသည်။ ခြံမှာ ၂ ဧကခန့်သာကျယ်ပြီး ရာဘာပင် ၃၀-၄၀ ခန့်သာရှိသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.