တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 1, 2008

ရန်ကုန်ဗုံးကွဲအပြီး လားရှိုးအာဏာပိုင်များ အ-ကာလ ဧည့်စာရင်းစစ် ခြိမ်းခြောက်ငွေညှစ်

တိုင်းရင်းသားအသံ
ရန်ကုန်ဗုံးကွဲအပြီး လားရှိုးအာဏာပိုင်များ အ-ကာလ ဧည့်စာရင်းစစ် ခြိမ်းခြောက်ငွေညှစ်
User Rating: / 0
PoorBest
သတင်း - သျှမ်းသံတော်ဆင့်သတင်း
Wednesday, 01 October 2008 12:54

စက်တင်ဘာ ၂၆ ရက်ညမှစ၍ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ MAS နှင့် ရဲအထူးထောက်လှမ်းရေး SB တို့ ဦးဆောင်သော လားရှိုး နအဖ အာဏာပိုင်တို့ လားရှိုးမြို့ပေါ် ၁၂ ရက်ကွက် စလုံး ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၊ အချို့ကုန်သည်များအိမ်၌ ကုန်ပစ္စည်း ဂျူတီဆောင် - မဆောင် စစ်ဆေးငွေညှစ်ကြောင်း၊ အချို့ကိုဖမ်းသွားကြောင်း တရုပ် နယ်စပ်သတင်းရပ်ကွက်ကဆိုပါသည်။


မဟာဗန္ဓုလပန်းခြံ ဗုံးပေါက်ကွဲသည့်နေရာအား အာဏာပိုင်များလာရောက်စစ်ဆေး (ဓါတ်ပုံ မဇ္ဇိမ)
၂၅ ရက် ရန်ကုန် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံ၌ ဗုံးပေါက်ကွဲပြီးနောက်ပိုင်းလုံခြုံရေးတင်းကျပ်မှုဖြစ်ပြီး “ဆူပူ အုံကြွရန် လှုံ့ဆော်စည်းရုံးသူ မန္တလေးမှ ဦးဆောင်သံဃာ ၃ ပါး သျှမ်းပြည်မြောက်ပိုင်းသို့ တိမ်းရှောင်လာသည့် သတင်း ကြားရသဖြင့် ဧည့် စာရင်းစစ်ဆေးခြင်းဖြစ်သည်” ဟုလည်း အာဏာပိုင်များ အကြောင်းပြ၏။

“ ဟိုတယ်၊ တည်းခိုခန်းနဲ့ သူတို့သင်္ကာမကင်းတဲ့အိမ်၊ သူတို့အချိုးမပြေတဲ့အိမ်ရွေးပြီး ညသန်းခေါင်ကနေမနက် မိုးလင်းတဲ့ အထိ တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်တယ်။ ကုန်သည်အိမ်ဆိုရင် သူများကုန်ပစ္စည်း မွှေနှောက် စစ်ဆေးပြီး ဟိုလိုင်စင်၊ ဒီလိုင် စင်မေး၊ အခွန်ဆောင်လား ဘာညာမေး၊ ပိုက်ဆံတောင်းငွေညှစ်၊ လူကိုပါခေါ်သွား။ ဧည့်စာရင်းမတိုင်မိလဲ အိမ်ရှင်ရော ဧည်သည်ပါဖမ်း။ အစစ်ခံရတဲ့အိမ်တွေ တော်တော်ငြီးကြတယ်” ဟု လားရှိုးကြီး ကောင်းခါး ရပ်ကွက်မှ အသက် ၄၀ ၀န်းကျင်အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အ-ကာလ ဒုက္ခပေးမှုသည် စရဖ၊ အက်စ်ဘီတို့ ဦးဆောင်၍ မူးယစ်၊ လ၀က၊ ကြံ့ဖွံ့နှင့် ရယက များပါဝင်သော အဖွဲ့ဖြစ်ပြီး ၃ ဖွဲ့ခွဲကာ တစ်ဖွဲ့ ၄ ရပ်ကွက် စီလိုက်လံ စစ်ဆေးခြင်းဖြစ်သည်ဟုဆို၏။

မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံ၌ဗုံးပေါက်ကွဲပြီးမကြာခင် ရဲကားများ ရောက်ရှိလာစဉ် (ဓါတ်ပုံ NEJ )
“တစ်ဖွဲ့ကို ၁၅ ယောက်ကနေ အယောက် ၂၀ အထိရှိတယ်။ ရန်ကုန်ဗုံးကွဲတာကို အကြောင်းပြတယ်ဆိုဘဲ။ နောက်ပြီး ရွှေဝါရောင် တော်လှန်ရေး ထိပ်ပိုင်းခေါင်းဆောင် သံဃာတော် ၃ ပါး လွန်ခဲ့တဲ့ အပတ်ကမန္တလေးနာမည်ကြီးဘုန်းကြီး ကျောင်းတွေမှာ လိုက် စည်းရုံးတယ်တဲ့။ အာဏာပိုင်တွေ လိုက်ဖမ်းတော့ မမိဘူး။ သျှမ်းပြည်မြောက်ပိုင်းတက်လာတယ် ဆိုတဲ့ သတင်း ရထားလို့ စစ်ဆေး တာလဲပါတယ်တဲ့။ မြို့ပြင် တိုးလ်းဂိတ်တွေမှာကောစောင့်စစ်တာ - လို့ ကြံ့ဖွံ့ အသင်းဝင် သူငယ်ချင်းတစ်ယောက်ကပြောပြတယ်” ဟု မြို့တွင်း ယာဉ်ငယ်လိုင်းယာဉ်မောင်းတစ်ဦးက ပြောပြသည်။

စက်တင်ဘာ ၂၃ ရက် စစ်အစိုးရ လွတ်ပေးသော တနိုင်ငံလုံးမှ အကျဉ်းသား ၉၀၀၂ ယောက်တွင် လားရှိုးထောင်မှ လည်း အကျဉ်းသား ၁၄၁ ယောက်ပါဝင်၏။ ထောင်ဒဏ် ၁၀ နှစ်အောက်ကျခံရသူ အများဆုံးဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်အထက်ကျခံရသူများကိုမူ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ပြန်လွတ်ပေးမည်ဟု လားရှိုးနအဖအာဏာပိုင်များအကြား သတင်းဖြစ်နေကြောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူများ၏ အသိုင်းအ၀ိုင်းမှကြားသိရပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.