တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Tuesday, October 21, 2008

နအဖတပ်မှ ရခိုင်တပ်ကြပ်တစ်ဦး မွန်ပြည်နယ်တွင် ကျဆုံး

တိုင်းရင်းသားအသံ
နအဖတပ်မှ ရခိုင်တပ်ကြပ်တစ်ဦး မွန်ပြည်နယ်တွင် ကျဆုံး

၁၀၊၂၁၊၂၀၀၈။

မင်းအောင် (နိရဉ္စရာ) ပလက်ဝ အခြေစိုက် နအဖ ခမရ ၂၈၉ တပ်ရင်းမှ ရခိုင်အမျိုးသား ဒုတပ်ကြပ်တဦးမှာ မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်၍ လွန်ခဲ့သော တနင်္လာနေ့က ကျဆုံးသွားကြောင်း သူ၏ဆွေမျိုး တဦးက ပြောသည်။

ကျဆုံးသွားသူ နအဖစစ်သားမှာ ဒုတပ်ကြပ် ကျော်သူဖြစ်ပြီး ကျောက်ဖြူဇာတိ ဖြစ်သည်။

ကျော်သူမှာ ၁၉၉၆ ခုနှစ်က ကျောက်ဖြူ မြို့နယ် အခြေစိုက် ခလရ ၃၄ သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ခမရ ၂၈၉ တပ်ရင်းသို့ လွဲပြောင်းခံခဲ့ရသည်။

၂၀၀၁ ခုနှစ်တွင် ဒုတပ်ကြပ်အဆင့်သို့ ရာထူးတိုးခံရသည်ဟု သူဆွေမျိုးက ပြောသည်။



ခမရ ၂၈၉ တပ်ရင်းမှာ ဇူလိုင်လ ပထမအပတ်က ပလက်ဝမြို့မှ မွန်ပြည်နယ် အရှေ့ တောင်တိုင်း စစ်မြေပြင်သို့ ထွက်ခွာသွားခဲ့သည်။ ၎င်းနောက်ပိုင်း ကျော်သူ တိုက်ပွဲတွင် ကျဆုံး သွားခြင်း ဖြစ်သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စစ်မြေပြင်တွင် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းပေါင်း ၁၀ ရင်းကျော် ရောက်ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ပါတီများနှင့် စစ်ပွဲများ ဆင်နွဲနေရကြောင်း သိရသည်။

ထိုသို့ စစ်ပွဲများ ဆင်နွဲရာတွင် ရခိုင်တွေသတ္တိရှိတယ်ဟု အထက် ဗမာ စစ်အရာရှိများက မြှောက်ပင့်ပေးမှုအပေါ် ရခိုင်စစ်သားများက ကျေနပ်သဘောကျကာ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအား ရှေ့တန်းမှ မကြောက်မရွှံ့ တိုက်ခိုက်နေမှုကြောင့် ရခိုင် စစ်သားများမှာ မကြာခဏ သေဆုံးနေကြကြောင်း သတင်းရရှိသည်။

ရခိုင်စစ်သားအများစုဖြင့် ဖွဲ့စည်းထားသော ရသေ့တောင်မြို့နယ် အခြေစိုက် ခလရ ၅၃၆ တင်ရင်းမှ ရှေ့တန်းစစ်ကြောင်းတခုသည်လည်း မွန်ပြည်နယ် ရှေ့တန်း သို့ လွန်ခဲ့သောတရက်နှစ်ရက်က ထပ်မံပြီး ထွက်ခွာသွားကြောင်း သိရသည်။

2 comments:

Unknown said...

့နအဖဗမာစစ်ဗိုလ်တွေ မြှောက်ပင့်တိုင်းလုပ်ရင်တော့ မိုက်တာဘဲ။ အဲဒီလို မိုက်တဲ့ရခိုင်တွေ ကျနော်တို့ မွန်ပြည်နယ်မှာ အများကြီးရှိတယ်။ ရိုင်းတယ်။ ရေးမြို့နယ်ဟာ နအဖစစ်တပ် တပ်ရင်း (၁၀)ရင်း တပ်မ တစ်မရှိတယ်။ မြို့နယ်နဲ့ စစ်တပ်နဲ့က လုံးဝကို မလိုက်ဘူး။ စစ်တပ်နေရာအားလုံးဟာ နယ်မြေခံ ကျနော်တို့မွန်တွေရဲ့ နှစ်ရှည်သီးနှံခြံ (ရော်ဘာ၊အုန်း၊ကွမ်းသီး၊ဒူးရင်း၊မင်းဂွတ်၊သံပုရာ၊လယ်စသည်) များကို အတင်းအဓမ္မသိမ်းထားတာဖြစ်ပါတယ်။ သူတို့မိုက်လို့ သူတို့ခံရတာပါ။ မိုက်တဲ့ကောင်မှန်သမျှ အဲဒီလမ်းအတိုင်းဘဲ သွားရမှာပါ။ စိတ်ဓာတ်အောက်တန်းကျတဲ့ကောင်မှန်သမျှ သူတို့သွားလာရာလမ်းဟာ သေခြင်းနဲ့ ငရဲဘဲ။

Tine Yin Thar Voice said...

ဒီလိုအုပ်ချုပ်မှုစနစ်ဟာ Dive and Rule လို.ခေါ်တယ်။အင်္ဂလိပ်ငဖြူအုပ်ချုပ်တုန်ကလည်း ဗမာပြည်ကိုကုလားချစ်တီးတွေအုပ်ချုပ်ခိုင်း၊အနိုင်ကျင့်ခိုင်းခဲ့၊အိန္ဒိကကို တူရကီးမျိုးမစစ်တွေလွှတ်ပြီးသောင်းကျန်းခိုင်း၊အခုတစ်လှည့်ကျတော့၊တိုင်းရင်းသားအချင်းချင်း၇န်တိုက်ပေးနေသော မျိုးမစစ်ဘမစစ်ဖမနိုင်မိမနိုင် ဗမာစစ်ခေါင်းဆောင်ကအားရပါးရနဲ.အသုံးပြုနေသတဲ့၊တိုင်းပြည်အဆင့်အတန်ထိုးကျရင်ဘယ်သူမှမသက်သာဘူးဆိုတာမှတ်ပေတော့၊
တိုင်းပြည်ပျက်စီးရင် သန်းရွှေ၊မောင်အေး၊အောင်သောင်းတို.သမီးများလည်းကုလာမယားငယ်ဖြစ်သူဖြစ်၊သူတို.မယာကြီးကလည်း လင်းမြှောင်းထားသူထား၊ဒီလိုသတင်းမျိုးလည်းကျနော်တို.အတွက်အား၇စရာတစ်ခုအဖြစ်ခံစားကြပါ။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.