တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, October 2, 2008

တောင်ကုတ်တွင် လုံခြုံရေး ဆက်လက် တင်းကျပ်ထားဆဲ လုံခြုံရေး ယူထားသူများ ရိက္ခာမလုံလောက်သဖြင့် လူထုထံမှ တောင်းရမ်း စားသောက်နေ

တိုင်းရင်းသားအသံ
တောင်ကုတ်တွင် လုံခြုံရေး ဆက်လက် တင်းကျပ်ထားဆဲ လုံခြုံရေး ယူထားသူများ ရိက္ခာမလုံလောက်သဖြင့် လူထုထံမှ တောင်းရမ်း စားသောက်နေ
User Rating: / 1
PoorBest
သတင်း - နိရဉ္စရာ
Thursday, 02 October 2008 14:52

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွက် ဆန္ဒပြပွဲများ ဆက်လက် ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးကို အထူး တင်းကျပ်ထားဆဲ ဖြစ်သည်။

အမည်မဖေါ်လိုသူ ဒီမိုကရေစီ အရေး လှုပ်ရှား သူတဦးက “တောင်ကုတ်မြို့ပေါ်က ဒေသခံ ရဲတွေတော့ မဟုတ်ပါဘူး။ သံတွဲတို့ မအီတို့ဘက်က လာတဲ့ ရဲတပ်သား ၅၀ လောက်နဲ့ လုံခြုံရေးကို တင်းကျပ်ထားတာပါ။ တချို့လမ်းဆုံ လမ်းခွတွေမှာဆိုရင် သံဆူးကြိုးတွေကို ခုချိန်ထိ ကာရံထားတဲ့အတွက် လမ်းသွားလမ်းလာတွေ ဒုက္ခ ဖြစ်နေကြရပါတယ်။” ဟုပြောသည်။



၎င်းပြင် အဆိုပါ ရဲတပ်သားများမှာ ရိက္ခာမလုံလောက်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဈေးဆိုင်များမှ ငွေများ အတင်းကောက်ခံပြီး စားသောက်ရေး ကိစ္စကို ဖြေရှင်းနေကြရကြောင်း သူက ပြောသည်။

“သူတို့အတွက် အထက်အာဏာပိုင်တွေက ရိက္ခာတွေကို စီစဉ်ပေးတာမရှိတာကြောင့် မြို့ပေါ်က ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေဆီက ငွေတွေကို အတင်းကောက်ခံပြီး သူတို့ရဲ့ စားရေး သောက်ရေးကို ဖြေရှင်းနေတာကို တွေ့ရပါတယ်။ လူထုတွေက သူတို့အတွက် ၀န်ထုပ် ၀န်ပိုးတွေ ဖြစ်နေကြရပါတယ်။”

တောင်ကုတ်မြို့တွင် ဒီမိုကရေစီ အရေး တက်ကြွစွာ လှုပ်ရှားနေသည့် လူငယ် တဒါဇင်ကျော်အား အာဏာပိုင်များက ဖမ်းဆီး ထောင်ချထားပြီး ဖြစ်သော်လည်း ဆက်လက်ပြီး လုံခြုံရေးကို တိုးမြှင့်ချထားသဖြင့် လူထု အတွင်း နားမလည်အောင် ဖြစ်နေကြောင်း သူက ပြောသည်။

တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်အတွင်း ဒီမိုကရေစီရရှိရေးအတွက် တက်ကြွစွာလှုပ်ရှားနေသော မြို့တမြို့ ဖြစ်သဖြင့် အာဏာပိုင်များဘက်က လုံခြုံရေးကို တိုးမြှင့် ချထားပြီး အခြေအနေကို မျက်ခြေ မပြတ်စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.