တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, October 1, 2008

ကရင်နီတပ်နှင့် စစ်အစိုးရတပ်တိုက်ပွဲဖြစ်ပွား၊ စစ်အစိုးရတပ်မှ ၂ ဦးကျဆုံး

တိုင်းရင်းသားအသံ
ကရင်နီတပ်နှင့် စစ်အစိုးရတပ်တိုက်ပွဲဖြစ်ပွား၊ စစ်အစိုးရတပ်မှ ၂ ဦးကျဆုံး
User Rating: / 0
PoorBest
သတင်း - ကန္တာရ၀တီတိုင်း(မ်)
Wednesday, 01 October 2008 13:03

ပြီးခဲသည့် အပတ်က လွိုင်ကော်မြို့နယ် တီးလုံအုပ်စုရှိ စုဖဲလော်ကျေးရွာနှင့် တာဝကျေးရွာ အကြားတွင် ကရင်နီပြည် တပ်မတော်နှင့် စစ်အစိုးရတပ်တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ရန် ခမရ ၄၂၇ တပ်ရင်း မှ တပ်သား ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းရရှိသည်။

ထိုတိုက်ပွဲတွင် မြန်မာစစ်အစိုးရ စစ်တပ်မှ ဗိုလ်မှူးသန်းမင်းဦး ဦးဆောင်သည့် ခမရ ၄၂၇ တပ်ရင်းနှင့် ဗိုလ်ရှားနို့ ဦးဆောင်သော ကရင်နီတပ်မတော်တို့သည် မိနစ် (၄၀) ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။



ကရင်နီတပ်မတော်မှ တိုက်ပွဲ၌ ဦးဆောင်သူ ပြောပြချက်အား ဗိုလ်အရာရှိတဦးမှ ပြန်လည် ပြောပြရာတွင် " စစ်အစိုးရ စစ်တပ် ဘက်က ၃ ယောက် ဒဏ်ရာရရှိတဲ့ အထဲမှာ ဦးဆောင်သူ သန်းမင်းဦးအပါအ၀င် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်" ဟု ပြောပါသည်။

သို့သော်လည်း ယင်းတိုက်ပွဲအတွင်း၌ ကရင်နီတပ်မတော် ဖက်တွင် ထိခိုက်ဒဏ်ရာနှင့် ဆုံးရှုံးမှုများ မရှိခဲ့ကြောင်း ၄င်းက ပြောသည်။

မြန်မာစစ်အစိုးရတပ်မှ ခမရ ၄၂၇ တပ်ဖွဲ့၏ အင်အားသည် ၃၀ နှင့် ၄၀ အကြားတွင်ရှိပြီး ကရင်နီ ပြည်တပ်မတော်ဘက်မှ အင်အား ၂၀ ကျော်ခန့် ရှိသည်ဟု သိရရှိသည်။

ထိုမိနစ် (၄၀) ကြာ တိုက်ပွဲအတွင်းတွင် စစ်အစိုးရ စစ်တပ်ဘက်မှ ၂ ဦး ကျဆုံးခဲ့သော်လည်း ၄င်းတို့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခြင်း မရှိကြောင်း ကရင်နီပြည်တပ်မတော်မှ ဗိုလ်အရာရှိတဦးက ပြောသည်။

ဤတိုက်ပွဲသည် ယခုလ (စက်တင်ဘာ) ၂၄ ရက်၊ နေ့လယ်ပိုင်း ၁၂ နာရီ၊ ၁၅ မိနစ်အချိန်တွင် လမ်းဆုံ တနေရာ၌ ထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.