တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Saturday, January 10, 2009

ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးဖွဲ့မည်

တိုင်းရင်းသားအသံ
ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးဖွဲ့မည်
NEJ/ ၉ ဇန်န၀ါရီ ၂၀၀၉

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတခုကို ကချင်အတိုင်ပင်ခံကောင်စီက ကြီးမှူးပြီးဖွဲ့ရန် စီစဉ်နေကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အရာရှိတဦးက ခေတ်ပြိုင်သို့ အတည်ပြုပြောသည်။

“ဒီပါတီကို ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးပြီးထောင်ဖို့ လုပ်နေပါတယ်။ ခုလောလာဆယ်တော့ လူထုကို ကွင်းဆင်းပြီး ရှင်းပြနေတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒီပါတီဟာ ကချင်ပြည်နယ်ကို ကိုယ်စားပြုမယ့်ပါတီ ဖြစ်ပါတယ်။ ကချင်အတိုင်ပင်ခံကောင်စီရဲ့ ပါတီမှာ ပါမယ့်သူတွေဟာ ကေအိုင်အိုကပဲဖြစ်ဖြစ်၊ အန်ဒီအေကေကပဲဖြစ်ဖြစ် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့က ထွက်ရမှာဖြစ်တယ်” ဟု ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ (အန်ဒီအေကေ) မှ ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသည်။

အဆိုပါ ကချင်အတိုင်ပင်ခံကောင်စီက ဖွဲ့မည့် နိုင်ငံရေးပါတီတွင် ကေအိုင်အိုမှ အချို့လည်း ပါဝင်ကြမည်ဟု အန်ဒီအေကေဆက်ဆံရေးတာဝန်ခံ ဆခုန်ချမ်းဘောင်ကလည်း ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံမည့်သူ မရှိခဲ့ပေ။

အန်ဒီအေကေအဖွဲ့အနေဖြင့် အဆိုပါ ကချင်နိုင်ငံရေးပါတီတွင် ပါရန် အလားအလာရှိသလားဟု ခေတ်ပြိုင်ကမေးရာ ပါဖြစ်မည်မထင်ကြောင်း ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ရှင်းပြသည်။ သို့သော် အန်ဒီအေကေအဖွဲ့အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဟု အန်ဒီအေကေ ဆက်ဆံရေးတာဝန်ခံ ဆခုန်ချမ်းဘောင်က ဆက်လက်ပြောသည်။

ကချင်နိုင်ငံရေးပါတီတွင် ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ (အန်ဒီအေကေ) မပါဝင်ဟု ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသော်လည်း အန်ဒီအေကေ ဥက္ကဋ္ဌ ဆခုန်တင်ယိန်းသည် လောလောဆယ် ပါတီဖွဲ့မည့်ကိစ္စအတွက် ကချင်ပြည်နယ်တွင်း ကွင်းဆင်း စည်းရုံးနေသည်ဟု အန်ဒီအေကေ နှင့် နီးစပ်သည့် တရုတ်သတင်းရပ်ကွက်က ပြောသည်။

ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များပါမည့် အဆိုပါ ကချင်နိုင်ငံရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် သီးခြားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည်လား၊ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် တစညပါတီ၊ ကြံ့ဖွံ့ပါတီ စသည်တို့နှင့် မဟာမိတ်လုပ်မလားဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။

(သတင်းထောက် ဟန်တင်အောင်၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နှပါတီ ပြိုင်ခွင့်ရမလဲ သုံးသပ်ချက်)




No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.