တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Wednesday, January 21, 2009

အဓမ္မကို ဓမ္မနှင့် တိုက်ထုတ်ရန် သံဃာ့သပိတ်ကော်မီတီ အဖွဲ့က စစ်တွေတွင် စာများဖြန့်

တိုင်းရင်းသားအသံ
အဓမ္မကို ဓမ္မနှင့် တိုက်ထုတ်ရန် သံဃာ့သပိတ်ကော်မီတီ အဖွဲ့က စစ်တွေတွင် စာများဖြန့်

1/21/2009

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် သံဃာ့သပိတ်ကော်မီတီ (စစ်တွေ)မှ စစ်တွေမြို့ရှိ ဆရာတော်ကြီများအား အဓမ္မကို ဓမ္မနှင့်တိုက်ထုတ်ကြရန်ဆော်သြထားသော စာများကို ဘုန်းတော်ကြီးကျောင်းများတွင် ဖြန့်ဝေနေကြောင်း သတင်းရရှိသည်။




လူ့အခွင့်အရေးအဖွဲ့ တခုမှ အဖွဲ့ဝင် တဦး ဖြစ်သူ ဦးစောလှကျော်မှ “အဓိကတော့ နအဖကို အခွင့်အရေး အတွက် ပေါင်းသင်းနေတဲ့ ဆရာတော်ကြီးတွေကို ရည်ရွယ်ပြီး ထုတ်တယ်လို့ သိရပါတယ်။ ဆရာတော်ကြီး တချို့ဟာ အခွင့်အရေး ရနေတဲ့အတွက် တိုင်းသူ ပြည်သားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မကြည့်ဘဲ နအဖအာဏာပိုင်တွေနဲ့ ပေါင်းသင်းနေတာတွေ ရှိနေတော့ ခုလို စာထုတ်ပြီး ရဟန်းတော်တွေက လျှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဆရာတော်တချို့မှာ ထိုသို့ နအဖ အာဏာပိုင်များနှင့် ပေါင်းသင်းနေသဖြင့် ဆန်ဆီဆား အပါအ၀င် သစ်၊ ဘိလပ်မြေ၊ သွပ်၊ သင်္ကန်းစသည့် အခွင့်အရေးများ ရနေသည်ဟု သိရသည်။ တချို့ ရဟန်းတော်များဆိုလျှင် စစ်အစိုးရ ဆပ်ကပ်သည့် ဘွဲ့ထူး ဂုဏ်ထူးများကို မျှော်လင့်နေသည်ဟု သိရသည်။

စစ်တွေမှ ဦးဇင်းတပါးမှလည်း “ခုလို နအဖဆီက အခွင့်အရေးကို မျှော်လင့်နေတဲ့ ဆရာတော် တချို့ကြောင့် ဦးဇင်းတို့ ဆန္ဒပြတော့မယ်ဆိုရင် ထောက်လှမ်းရေးက ကြိုတင် သတင်းရထားတဲ့အတွက် ဘာမှ စစ်တွေမှာ လုပ်လို့ မရဘဲ ဖြစ်နေတယ်။ ဒါကြောင့် သံဃာ့သပိတ်ကော်မီတီက သံဃာတော်တွေ ရဲရင့်ဖို့ လိုတယ်ဆိုပြီး စာထုတ်ရတာ ဖြစ်တယ်လို့ ဦးဇင်း ယူဆပါတယ်။” ဟု ပြောသည်။

စစ်တွေ သံဃာ့ သပိတ်ကော်မီတီမှ ထုတ်ဝေသော ကျေညာချက်တွက် နအဖ စစ်အစိုးရ၏ လက်အောက်တွင် ဗုဒ္ဓဘာသာမှာ ညိုးနွမ်းနေပြီး ပြည်သူများမှာလည်း ဖိနှိပ်ခံနေရကြောင်း၊ သို့အတွက် သာသနာနှင့် ပြည်သူကို ကြည့်သင့်ကြောင်း၊ နအဖမှ ပေးသော လာဒ်လာဘ အပေါ် သာယာနေကြလျှင် ယနေ့သာသနာမှာ အပေါစား နအဖ သာသနာသာ ဖြစ်သွားမည် ဖြစ်ပြီး ဗုဒ္ဓသာသနံ စီရံတိဌတု အစား နအဖသာသနံ စီရံတိဌတု အဖြစ် ပြောင်းလဲ သုံးရန်သာရှိပါကြောင်း၊ သို့အတွက် အဓမ္မ၀ါဒီများကို ပြည်သူများနှင့် ပူးပေါင်းပြီး ဓမ္မနှင့် တိုက်ထုတ်ရန် လိုကြောင်း ရေးသားထားသည်။

အဆိုပါ ကျေညာချက်ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ဖြန့်ဝေနေပြီး တခြား စစ်အစိုးရ ဆန့်ကျင်ရေး စာများကိုလည်း နေ့စဉ်ရက်ဆက် ဆိုသလို စစ်တွေတွင် ဖြန့်ဝေနေကြသည်ဟု သိရသည်။

သံဃာ့သပိတ်ကော်မီတီ (စစ်တွေ)မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်း ဖွဲ့စည်းခဲ့သော အဖွဲ့ ဖြစ်သည်ဟု သိရသည်။

No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.