တိုင်းရင်းသားအသံဆိုတာဘာလဲ?

The Voice for Justice, Equal Right, Freedom, Genuine Federal Union, Democracy and Self-determination in Burma. "Justice War Must always Win over Injustice".

တိုင်းရင်းသားအသံဆိုတာ တရားမျှတမှု၊တန်တူအခွင့်အရေး၊လွတ်မြောက်ရေး၊စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု။ဒီမိုကရေစီ၊ နှင့်ကိုယ်ပိုင်ပြဌာန်ခွင့်အသံများဖြစ်ပါသည်၊
"တရားတဲ့စစ်ပွဲဟာ မတရားတဲ့စစ်ပွဲကို အမြဲအောင်ရမည်
"

Thursday, January 8, 2009

မွန်ပြည်သစ်ပါတီဗဟို သတ္တမအကြိမ်မြောက်ညီလာခံဆက်လက်ကျင်းပနေဆဲ

တိုင်းရင်းသားအသံ

မွန်ပြည်သစ်ပါတီဗဟို သတ္တမအကြိမ်မြောက်ညီလာခံဆက်လက်ကျင်းပနေဆဲ

Kaowao Newsgroup ဂျာန္နဝါရီ ၆၊ ၂၀၀၉

မွန်ပြည်သစ်ပါတီဗဟို သတ္တမအကြိမ်မြောက်ညီလာခံကို လွန်ခဲ့သောဇန်နဝါရီ(၁)ရက်နေ့တွင် မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်(ရေးချောင်းဖျားဒေသ)၌ စတင်ကျင်းပခဲ့ရာ ယနေ့ ၅ ရက်မြောက်ဆက်လက် ကျင်းပနေဆဲ ဖြစ်ပြီး နောက်ထပ် ၁၀ ရက်ခန့် ကြာမြင့်နိုင်သည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ရွှေသိန်းနှင့်တွေ့ဆုံမေးမြန်းရာတွင် ထုတ်ဖေါ်ပြောကြားခဲ့ပါသည်။

the 7th Congress of NMSP

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် မိန့်ခွန်းမြွက်ကြားစဉ်

ဖွင့်ပွဲစတင်သည့်နေ့တွင် ဗဟို၊ ခရိုင်အုပ်ချုပ်ရေးဒေသ၊ ဌာန၊တပ်စခန်းအသီးသီးရှိ ပါတီဝင်အားလုံး၏ကိုယ်စား ပါတီဝင်ကိုယ်စားလှယ် ၁၀၁-ဦး၊ အရန်ပါတီကိုယ်စားလှယ်-၂၀-ဦးတက်ရောက်ခွင့်ရရှိခဲ့ပါသည်။ ဤညီလာခံသည် မွန်ပြည်သစ်ပါတီ၏ ပါတီဖွဲ့စည်းပုံအခြေခံဥပဒေများ၊ နိုင်ငံရေးလမ်းစဉ်၊ ရှေ့လုပ်ငန်းစဉ်များကို သုံးသပ် ချမှတ်၍ ပါတီတခုလုံးရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များကို လျှို့ဝှက်မဲစနစ်ဖြင့် အသစ်ပြန်လည်ရွေးချယ်ကြမည်ဖြစ်သည်။ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာတွင်လည်း စစ်အစိုးရမှကျင်းပ ပြုလုပ်မည့်ဆိုသည့် ရွေးကောက်ပွဲဝင်ရေး မဝင်ရေး၊တပ်ဖွဲ့များရပ်တည်မှု အနေအထားတို့ကို အကျယ်တဝင့် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်သည်။

သဘာပတိကြီး၏ မွန်ဘာသာဖြင့်မြွက်ကြားသည့်မိန့်ခွန်းတွင် မိမိတို့ပါတီအနှစ် ၅၀ ကျော် အခက်ခဲအမျိုးမျိုးကို ကျော်ဖြတ်နိုင်ခဲ့သည်မှာ မှန်ကန်သည့် မျိုးချစ်စိတ်ဓါတ်နှင့်တိုးတက်သောအမြင်ကို ပေါင်းစပ်အခြေခံ၍ ပါတီကိုတည်ဆောက်ထားပြီး လက်နက်ကိုင် တော်လှန်ရေး၏ လမ်းစဉ်အတိုင်း ဒီမိုကရေစီဗဟိုချုပ်ကိုင်မှုစနစ်ကို ကျင့်သုံးခဲ့၍ဖြစ်ကြောင်း၊ အိုင်တီနည်းပညာ တိုးတက်သည့်ဤခေတ်တွင် မိမိလူမျိုး၊ နိုင်ငံအခြေအနေနှင့် ကမ္ဘာ့အနေ အထားများအရ အလားအလာ ကောင်းများကို တွေ့မြင်လာနေရကြောင်း၊ ၁၃ နှစ်ကျော် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ပါတီ၏ရည်မှန်းချက် ဖြစ်သည့် နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းကို မလုပ်ဖြစ်ခဲ့သေးကြောင်း၊ စစ်အစိုးရမှလက်မခံနိုင်၍ ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အလားအလာအလွန်နည်းကြောင်း၊ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကိုကျင်းပမည်ဟုဆိုကြောင်း၊ ဤကိစ္စကို ၁၉၉၀ မှာ မဲအနိုင်ရထားတဲ့ ပါတီတွေနှင့် မညှိနှိုင်းလျှင် ပြည်တွင်းပြည်ပအင်းအားစုတွေ လက်မခံနိုင်ဟုဆိုကြောင်း၊ ၄င်းကိစ္စနဲ့ဆက်စပ်ပြီး အပစ်ရပ်အဖွဲ့များ ရွေးကောက်ပွဲဝင်လျှင် မိမိတပ်ကိုအစိုးရ၏ ကြီးကြပ်ထိန်းသိမ်းမှုအောက်မှာ ထားရှိရန် လေသံပေးနေကြောင်း၊ ယ္ခု၂၀၀၉ ခုနှစ်ကစပြီးပြည်တွင်း ပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတို့၏ လှုပ်ရှားမှုတွေကို အလေးအနက်ထားရမည် ဖြစ်ကြောင်း၊ ပါတီအတွင်း အချို့ပါတီဝင်တို့က ပါတီရဲ့ဖွဲ့စည်းပုံဥပဒေကို မသိကျိုးကျွံပြုကာ မိမိစိတ်ဆန္ဒအလိုကို လိုက်ပြီး ၂၀၁၀ ရွေးကောက် ပွဲကိစ္စအပေါ် အာရုံအလေးအနက် အလွန်ထားနေကြောင်း၊ စစ်အစိုးရချပေးသည့် လမ်းအတိုင်း လိုက်လုပ်နေသည့် အမြင်ကိုပယ်ဖျက်ရမှာဖြစ်ကြောင်း၊ သို့သော် မွန်အမျိုးသားများအကျိုးအတွက် ဥပဒေဘောင်အတွင်း နိုင်ငံရေးစင်မြင့်တရပ် ဖြစ်ပေါ်လာရေးအတွက် အခြေအနေအရပ်ရပ်အပေါ်သုံးသပ်ပြီး အကူအညီပေးသွားနိုင်မည့် နည်းလမ်းကိုရှာဖွေနေကြောင်း၊ မိမိအမျိုးသားသွေးစည်းညီညွတ်မှု ပိုမိုတည်ဆောက် နိုင်ရေး ဆက်လက်ကြိုးပမ်း သွားရေးနဲ့ မွန်အမျိုးသားရေးရာအဖွဲ့ Mon Affair Union မွန်လူထုအဖွဲ့အစည်း တရပ်လုံးတွင် ပါဝင်ပူးပေါင်းလုပ် ဆောင်သွားကြလျှင် ကြီးမားသည့်အင်အားထုကြီးတရပ် ပေါ်ထွက်လာနိုင် ကြောင်း၊ နိဂုံးအနေဖြင့် ယ္ခုလို ဂလိုဘယ်လိုက်ဇေးရှင်း(သို့)ဒီမိုကရေစီလူ့အခွင့်အရေး ခေတ်ကြီးမှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတရပ် ပန်းတိုင်ကိုချီတက်သွားနိုင်ရေးမှာ (၁)ပါတီဦးဆောင်မှု (၂)ခိုင်မာသည့်အင်အား (၃)တော်လှန်ရေးအခြေခံဒေသ (၄)ပြည်သူများထောက်ခံမှု (ဝါ)ညီညွတ်သောတပ်ပေါင်းစုတို့ရှိရပါမယ်။ ဒီလမ်းစဉ်အတိုင်းခိုင်ခိုင်မာမာနဲ့ ရုပ်လုံးဖေါ်နိုင်ယင် မိမိတို့လူမျိုးအနေနဲ့ ကိုယ်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို မလွဲမသွေရရှိမှာဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

၁၉၅၈ တွင် မွန်ပြည်သူ့တပ်ဦး (၁၉၄၈ - ၅၈) ဥပဒေဘောင်အတွင်း အကြွင်းမဲ့လက်နက်ချကာ တရားဝင်နိုင်ငံရေးအဖြင့်ရပ်တည်ခဲ့ချိန်မှစ၍ မွန်ပြည်သူတပ်ဦးဗဟီုကော်မတီဝင်ဖြစ်သူ နိုင်ရွှေကျင်နှင့် ခရိုင်ကော်မတီဝင် နိုင်ဓမ္မနေတို့က ပြန့်ကြဲနေသောအင်းအားများကိုပြန်လည်စုဖွဲ့ကါ မွန်ပြည်သစ်ပါတီကို စတင်ဖွဲ့စည်း၍ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ယနေ့တိုင်ဆက်လက်ကျင့်သုံးခဲ့သည်။ ပထမအကြိမ်ပါတီဗဟိုညီလာခံကို ၁၉၈၉ ခုနှစ်တွင်စတင်ကျင်းပနိုင်ခဲ့ပြီး ယ္ခုအကြိမ်သည် (၇)ကြိမ်ပြည့်မြောက်လာပြီဖြစ်သည်။

the 7th Congress of NMSP
ညီလာခံသို့တက်ရောက်လျှက်ရှိသောပါတီဝင်ကိုယ်စားလှယ်များ


No comments:

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ဒို.အရေး၊ပြည်ထောင်စုမပြိုကွဲရေး၊ဒို.အရေး၊ဗမာစစ်အစိုးရ ဖြုတ်ချရေး၊ဒို.အရေးဆောင်ပါးဖတ်ရှူရန်၊ ရခိုင်မျိုးချစ်ပညာရှင်ဒေါက်တာအေးကျော်ကွယ်လွန်သွားကြောင်းသတင်းကိုရခိုင်လူမျိုးများသာမကကျန်ရှိသည့်တိုင်းရင်းသားလူမျိုးများအတွက်လည်အများကြီးဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ဒေါက်တာအေးကျော်ဟာရဲရင့်ပြီးသတ္တိပြည့်ဝသည့်ပညာရှင်တစ်ယောက်ဖြစ်သည်၊ထို.ကြောင့်၊သူ.ဆုံးရှုံးမှုဟာအများဆုံးရှုံးမှုပါ၊ကျန်းရစ်သူမိသားစုဝင်များနဲ.ရခိုင်ပြည်သူများနည်းတူထပ်တူထပ်မျှကြေးကွဲဝမ်းနည်းပါကြောင်းတိုင်းရင်းသားသံမှတင်ပြလိုက်ပါသည်၊

Min Ko Naing Birth Day

Min Ko Naing Birth Day
မင်းကိုနိုင်မွေးနေ.