မောင်သစ်အောင် (နိရဉ္စရာ) ကရင်နှင့် မွန်ပြည်နယ် ရှေ့တန်းတွင် တာဝန်ယူနေသော ရခိုင် အခြေစိုက် တပ်ရင်းများမှ စစ်သား အများအပြား ၎င်းတို့၏ နောက်တန်း တပ်ရင်းများသို့ ပြန်လည် ဆုတ်ခွာလာခဲ့သည်ဟု သိရှိရသည်။ မျက်မြင် တဦးအပြောအရ စစ်ထရပ်ကားအစီး ၇၅ စီးဖြင့် လွန်ခဲ့သော အပတ်က ၎င်းစစ်သားများကို သယ်ယူ လာခဲ့သည်ဟု သိရသည်။
စစ်တပ်နှင့် နီးစပ်သူများ အပြောအရ သိရှိရသည်မှာ ပြန်ရုတ်သိမ်း လာသော စစ်သား အင်အား ၁၀၀၀ မှ ၁၅၀၀ အကြားရှိပြီး ဘူးသီးတောင်နှင့် ရသေ့တောင် အခြေစိုက် တပ်ရင်များမှ ဖြစ်ကြသည်။
၎င်းစစ်သားများကို အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းအေးက စစ်တွေမြို့တွင် ညစာစားပွဲနှင့် ဂုဏ်ပြုဧည့်ခံကြောင်း သူက ပြောသည်။
သို့သော် စစ်သား အများအပြားမှာ ရှေ့တန်းတွင် ကျကျန်ရစ်ခဲ့သဖြင့် ၎င်းတို့အတွက် ဂုဏ်ယူကြောင်း တိုင်းမှူးမှ ထုတ်ဖေါ်ပြောကြားကြောင်း သိရသည်။
ယခုကဲ့သို့ စစ်သားအများအပြားကို ရှေ့တန်းမှ မည်သည့်အတွက် ရုတ်သိမ်းယူဆောင်လာခြင်းကိုမူ မည်သူမှ တိတိကျကျ မသိရှိရသေးကြောင်း ပြည်တွင်းက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
No comments:
Post a Comment